အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ လူမျိုးအပေါင်းတို့သည် အာမင်ဟုဆိုကြပါစေသော။ ဟာလေလုယ။
လုကာ 2:20 - မြန်မာ့စံမီသမ္မာကျမ်း သိုးထိန်းတို့သည် မိမိတို့အားမြွက်ဆိုထားသည့်အတိုင်း မြင်ရကြားရသဖြင့် ထိုအမှုအရာအားလုံးတို့အတွက် ဘုရားသခင်၏ဘုန်းတော်၊ ဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြ၏။ Common Language Bible သိုးထိန်းတို့သည်ကောင်းကင်တမန်ဖော်ပြသည့် အတိုင်းတွေ့မြင်ကြားသိရသဖြင့် ဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူး လျက်ပြန်သွားကြ၏။ Garrad Bible သိုး ထိန်း တို့ လည်း နာ ခံ ခဲ့ သည့် အ တိုင်း ကြား ရ သ မျှ၊ မြင် ရ သ မျှ အ တွက် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက်၍ ထော မ နာ ပြု လျက် ပြန် သွား ကြ၏။ Judson Bible သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးထိန်းတို့သည် ကောင်းကင်တမန်များဖော်ပြသည့်အတိုင်း မြင်ရကြားရသဖြင့် ထိုအကြောင်းအရာ အားလုံးအတွက် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြ၏။ မြန်မာ သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။ |
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ လူမျိုးအပေါင်းတို့သည် အာမင်ဟုဆိုကြပါစေသော။ ဟာလေလုယ။
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။

စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။
ဤအခြင်းအရာကိုတွေ့မြင်သော လူထုပရိသတ်တို့သည် ကြောက်ရွံ့လျက် လူတို့အား ဤသို့သောအခွင့်အာဏာကို ပေးတော်မူသော ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။
ယောဟန်က “ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ငုံ့၍ဖြေပေးရန်ပင် ငါသည်မထိုက်တန်။
ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် နောက်တော်သို့လိုက်သွားလေ၏။ တွေ့မြင်သောသူအပေါင်းတို့သည်လည်း ဘုရားသခင်ကိုချီးမွမ်းကြ၏။
သူတို့သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “သို့ဖြစ်လျှင် ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ရောက်စေသည့်နောင်တတရားကို လူမျိုးခြားတို့အားလည်း ပေးတော်မူပြီ”ဟု ဆိုကြ၏။