ဇိအုန်တောင်၌ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ပေးတော်မူသော အမှတ်လက္ခဏာ၊ အံ့ဩဖွယ်အမှုတို့မှာ ငါနှင့် ထာဝရဘုရားငါ့အားပေးတော်မူသော သားသမီးတို့ပင်ဖြစ်၏။
လုကာ 2:18 - မြန်မာ့စံမီသမ္မာကျမ်း ကြားရသောသူအပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြောဆိုသောအကြောင်းအရာများကြောင့် အံ့ဩကြ၏။ Common Language Bible သိုးထိန်းများပြောကြားချက်ကိုကြားရသူ အပေါင်းတို့သည်အံ့သြကြ၏။- Garrad Bible ကြား သ မျှ သော သူ တို့ သည် သိုး ထိန်း တို့ ပြန် ကြား သော အ ကြောင်း အ ရာ များ ကို အံ့ သြ ကြ၏။ Judson Bible သိုးထိန်းတို့ပြောသောစကားကို ကြားသောသူ ရှိသမျှတို့သည် အံ့ဩခြင်းရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးထိန်းတို့၏စကားကို ကြားရသောသူအပေါင်းတို့သည် အံ့သြကြ၏။ မြန်မာ သိုးထိန်းတို့ပြောသောစကားကို ကြားသောသူ ရှိသမျှတို့သည် အံ့ဩခြင်းရှိကြ၏။- |
ဇိအုန်တောင်၌ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ပေးတော်မူသော အမှတ်လက္ခဏာ၊ အံ့ဩဖွယ်အမှုတို့မှာ ငါနှင့် ထာဝရဘုရားငါ့အားပေးတော်မူသော သားသမီးတို့ပင်ဖြစ်၏။
သူတို့ကိုတွေ့မြင်ကြပြီးနောက် သိုးထိန်းတို့သည် ထိုသူငယ်နှင့်ပတ်သက်၍ မိမိတို့အားမြွက်ဆိုတော်မူသောအရာကို အနှံ့အပြားပြောကြားကြ၏။
မာရိမူကား ဤအခြင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။
သူငယ်၏မိခင်နှင့်ဖခင်တို့သည် သူငယ်နှင့်ပတ်သက်၍ ဤသို့ပြောဆိုသည်ကို အံ့သြကြ၏။
ယေရှု၏စကားကိုကြားရသောသူအပေါင်းတို့သည် သူ၏ဉာဏ်စွမ်းနှင့် ဖြေကြားချက်များကို အံ့ဩငေးမောနေကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤစကားသည် မည်သို့သောစကားနည်း။ ညစ်ညူးသောနတ်များကို အခွင့်အာဏာနှင့် တန်ခိုးတို့ဖြင့် အမိန့်ပေးလေရာ ၎င်းတို့သည် ထွက်သွားကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။