မုဆိုးမတို့ကို လက်ဗလာနှင့်ပြန်လွှတ်ပြီး မိဘမဲ့တို့၏လက်ရုံးများကို ချိုးဖျက်ပစ်၏။
လုကာ 18:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုမြို့၌ရှိသော မုဆိုးမတစ်ဦးသည် သူ့ထံသို့ အကြိမ်ကြိမ်လာပြီး ‘ကျွန်မဘက်၌နေ၍ ကျွန်မကိုတရားစွဲဆိုသူအား တရားသဖြင့်စီရင်ပေးပါ’ဟု လျှောက်လေ၏။ Common Language Bible ထိုမြို့မှာပင်မုဆိုးမတစ်ယောက်ရှိ၏။ သူသည် တရားသူကြီး၏ထံသို့အကြိမ်ကြိမ်လာ ၍ `ကျွန်မ၏တရားတွေ့ဘက်အပေါ်တွင် အနိုင်ရအောင်စီရင်တော်မူပါ' ဟုလျှောက် ထား၏။- Garrad Bible ထို မြို့ နေ မု ဆိုး မ တစ် ယောက် သည် အ ကြိမ် ကြိမ် လာ၍ ကျွန် မ၏ တ ရား ဘက် ပေါ် တွင် စီ ရင် ပါ ဟု လျှောက် ထား သော်၊ Judson Bible ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမြို့တွင် တရားသူကြီးထံသို့ အကြိမ်ကြိမ်လာ၍ ‘ကျွန်မဘက်တွင် နေကာ ကျွန်မ၏တရားယှဉ်ဘက်အား တရားမျှတစွာ စီရင်ပေးပါ’ ဟု အသနားခံတတ်သော မုဆိုးမတစ်ဦးရှိ၏။ မြန်မာ ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊- |
မုဆိုးမတို့ကို လက်ဗလာနှင့်ပြန်လွှတ်ပြီး မိဘမဲ့တို့၏လက်ရုံးများကို ချိုးဖျက်ပစ်၏။
ဘဝပျက်လုသူများကပင် ငါ့ကို လာ၍ချီးကျူးကြ၏။ ငါသည် မုဆိုးမတို့၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေခဲ့၏။
ကောင်းသောအမှုကိုပြုရန် သင်ယူကြလော့။ တရားမျှတမှုကို ရှာကြလော့။ အဖိနှိပ်ခံရသူကို ကူမကြလော့။ ဖတဆိုးဘက်မှ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမဘက်မှ ရင်ဆိုင်ဖြေရှင်းပေးကြလော့”ဟု မိန့်တော်မူ၏။
သူတို့သည် ဝဖြိုးစိုပြည်ကြ၏။ မကောင်းမှုကို အတောမသတ်ပြုကြ၏။ သူတို့ကောင်းစားရေးအတွက် မိဘမဲ့တို့၏အမှုကို မတရားသဖြင့်စီရင်ကြ၏။ နွမ်းပါးသူတို့အတွက် တရားမျှတစွာမစီရင်ကြ။
သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။
“မြို့တစ်မြို့၌ ဘုရားသခင်ကိုမကြောက်၊ လူကိုလည်းမလေးစားသော တရားသူကြီးတစ်ဦးရှိ၏။
သူသည် အတန်ကြာမျှ စီရင်ပေးလိုစိတ်မရှိခဲ့သော်လည်း နောက်ဆုံးတွင် မိမိစိတ်ထဲ၌ ‘ငါသည် ဘုရားသခင်ကိုမကြောက်၊ လူကိုလည်းမလေးစားတတ်။
သို့သော် ဤမုဆိုးမသည် ငါ့ကိုအနှောင့်အယှက်ပေးလှသည်ဖြစ်၍ သူ့အတွက် တရားသဖြင့်စီရင်ပေးမည်။ သို့မဟုတ်လျှင် သူသည် အဖန်ဖန်လာ၍ နောက်ဆုံး၌ ငါ့ကို ပင်ပန်းနွမ်းနယ်စေလိမ့်မည်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။