ထိုအခါ ဒါဝိဒ်မင်းကြီးက နာသန်အား “ထာဝရဘုရားကို ငါပြစ်မှားမိပါပြီ”ဟု ဆိုလျှင် နာသန်က ဒါဝိဒ်မင်းကြီးအား “ထာဝရဘုရားသည် မင်းကြီးအပြစ်ကို ဖြေလွှတ်တော်မူပြီဖြစ်၍ မင်းကြီး မသေရပါ။
လုကာ 18:13 - မြန်မာ့စံမီသမ္မာကျမ်း အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။ Common Language Bible သို့ရာတွင်အခွန်ခံသူမူကားအဝေးတွင် ရပ်လျက်ကောင်းကင်သို့မော်၍မျှမကြည့်ဝံ့ ဘဲ `အို ဘုရားသခင်၊ အပြစ်ကူးသူအကျွန်ုပ် အားသနားတော်မူပါ' ဟုရင်ပတ်ကိုတီးခတ် လျက်ဆုတောင်းလေ၏။- Garrad Bible အ ခွန် ကောက် မူ ကား အ ဝေး က ရပ် လျက် ကောင်း ကင် သို့ မြော်၍ မျှ မ ကြည့် ဝံ့ ဘဲ အို ဘု ရား သ ခင်၊ အ ပြစ် သား ဖြစ် သူ အ ကျွန်ုပ် ကို သ နား တော် မူ ပါ ဟု ရင် တီး လျက် လျှောက် ၏။ Judson Bible အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟု ဆုတောင်းလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။ မြန်မာ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟု ဆုတောင်းလေ၏။- |
ထိုအခါ ဒါဝိဒ်မင်းကြီးက နာသန်အား “ထာဝရဘုရားကို ငါပြစ်မှားမိပါပြီ”ဟု ဆိုလျှင် နာသန်က ဒါဝိဒ်မင်းကြီးအား “ထာဝရဘုရားသည် မင်းကြီးအပြစ်ကို ဖြေလွှတ်တော်မူပြီဖြစ်၍ မင်းကြီး မသေရပါ။
သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။
ခမည်းတော်မနာရှေမင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချခဲ့သော်လည်း အာမုန်မင်းကြီးမူကား ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုမနှိမ့်ချခဲ့သည်သာမက ပို၍ပင်အပြစ်ပြုသေး၏။
“အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် အလွန်ရှက်လှပါ၏။ အသရေပျက်လျက် ရှိပါ၏။ ကိုယ်တော့်ကို မမျှော်ကြည့်ဝံ့ပါ။ အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များသည် ဦးခေါင်းကိုပင် ကျော်လွန်၍ မိုးကောင်းကင်ထိတိုင် ရောက်ပါပြီ။
ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်အတူ အပြစ်ပြုကြပါပြီ။ ဒုစရိုက်ကိုပြုကြပါပြီ။ ဆိုးယုတ်သောအမှုကိုပြုကြပါပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာနှင့်ကိုယ်တော်၏ကယ်တင်ခြင်းသည် အကျွန်ုပ်ထံ ရောက်လာပါစေသော။
အို အစ္စရေးလူမျိုး၊ ထာဝရဘုရားကို မျှော်လင့်ကိုးစားလော့။ အကြောင်းမူကား ထာဝရဘုရား၌ မေတ္တာကရုဏာတော်ရှိ၏။ ကြွယ်ဝသောရွေးနုတ်ကယ်တင်ခြင်းလည်း ကိုယ်တော်၌ရှိ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဒုစရိုက်သည်ကြီးမားလှသောကြောင့် ကိုယ်တော်၏နာမတော်ကိုထောက်၍ ခွင့်လွှတ်တော်မူပါ။
အကျွန်ုပ်၏ပျိုရွယ်စဉ်ကအပြစ်များနှင့် အကျွန်ုပ်ကျူးလွန်သောအပြစ်များကို အောက်မေ့တော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကိုထောက်၍ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။
အကြောင်းမူကား မရေမတွက်နိုင်သောဘေးအန္တရာယ်များသည် အကျွန်ုပ်ကိုဝန်းရံလျက်ရှိကြပါ၏။ အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်ကိုဖုံးလွှမ်းသဖြင့် အကျွန်ုပ်ဘာမျှ မမြင်နိုင်တော့ပါ။ ၎င်းတို့သည် အကျွန်ုပ်၏ဦးခေါင်းမှဆံပင်များထက် များပြား၍ အကျွန်ုပ်၏စိတ်နှလုံးသည် အားလျော့ပါပြီ။
ငါက “အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုပြစ်မှားခဲ့သည်ဖြစ်၍ အကျွန်ုပ်စိတ်ဝိညာဉ်၏အနာကို ပျောက်ကင်းစေတော်မူပါ”ဟု လျှောက်ဆို၏။
တဲတော်အဝင်ဝ၌တည်နေသော မိုးတိမ်တိုင်ကို မြင်သည်နှင့် လူအပေါင်းတို့သည် မိမိတဲအဝင်ဝ၌ ရှိခိုးကိုးကွယ်ကြလေ၏။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
ထာဝရဘုရားက “အလုံးစုံကို ငါ့လက်ဖြင့်ဖန်ဆင်း၍ အလုံးစုံသည် ဖြစ်တည်လေပြီ။ စိတ်နှိမ့်ချသောသူ၊ နောင်တရသောသူ၊ ငါ့နှုတ်ထွက်စကားကြောင့် စိုးရိမ်ထိတ်လန့်သောသူကို ငါကြည့်ရှုမည်။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
အကျွန်ုပ်တို့ ပြစ်မှားမိကြပါပြီ။ ဒုစရိုက်ကို ပြုမိကြပါပြီ။ အကျွန်ုပ်တို့သည် ဆိုးယုတ်၍ ကိုယ်တော့်ကို ပုန်ကန်မိကြပါပြီ။ ကိုယ်တော်၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များမှ လမ်းလွဲမိကြပါပြီ။
ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊
သင်တို့ဆုတောင်းသောအခါတွင်လည်း သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် လူတို့မြင်စေရန် ဝတ်ပြုစည်းဝေးကျောင်းများနှင့်လမ်းဆုံလမ်းခွများတွင် မတ်တတ်ရပ်လျက် ဆုတောင်းသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သွား၍သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏။
သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းကြသောအခါ တစ်ဦးတစ်ယောက်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် ခွင့်လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်။
ရွာတစ်ရွာသို့ဝင်တော်မူသောအခါ အနာကြီးရောဂါသည်ဆယ်ဦးတို့သည် ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အဝေး၌ရပ်လျက်
ထိုအမှုအရာကိုကြည့်ရှုရန် စုဝေးလာကြသောလူထုပရိသတ်အပေါင်းတို့သည်လည်း ဤအဖြစ်အပျက်များကိုမြင်၍ ရင်ဘတ်စည်တီးလျက်ပြန်သွားကြ၏။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။
သို့သော် ငါတို့သည် အပြစ်သားများဖြစ်ကြစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော မိမိ၏ချစ်ခြင်းမေတ္တာတော်ကို ထင်ရှားစေတော်မူ၏။
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။
ခရစ်တော်ယေရှုသည် အပြစ်သားတို့ကိုကယ်တင်ရန် ဤလောကသို့ကြွလာတော်မူ၏ဟူသောစကားသည် သစ္စာစကားဖြစ်ပြီး အပြည့်အဝလက်ခံထိုက်သောစကားဖြစ်၏။ ထိုအပြစ်သားများထဲတွင် ငါသည် အဆိုးဆုံးဖြစ်၏။
ထို့ကြောင့် ငါတို့သည် ကရုဏာတော်နှင့်ကျေးဇူးတော်တို့ကိုခံစားရလျက် သင့်လျော်သောအချိန်၌ ကူညီမစမှုကိုရရှိမည့်အကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏မတရားမှုများအပေါ်ကရုဏာထား၍ သူတို့၏အပြစ်များကို လုံးဝသတိရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။