ဟာမန်ဝင်လာလျှင် ရှင်ဘုရင်က “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို မည်သို့ဂုဏ်ပြုသင့်သနည်း”ဟု မေး၏။ ဟာမန်ကလည်း “ငါမှတစ်ပါး ရှင်ဘုရင်ဂုဏ်ပြုလိုသောသူရှိမည်မဟုတ်”ဟု အတွေးဝင်၍
လုကာ 16:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဘဏ္ဍာစိုးက ‘ငါမည်သို့ပြုရမည်နည်း။ ငါ့သခင်သည် ငါ့ကိုဘဏ္ဍာစိုးအရာမှဖယ်ရှားလေပြီ။ ငါသည် မြေတူးရန်အားမရှိ။ တောင်းစားရန်လည်းရှက်၏။ Common Language Bible မန်နေဂျာသည်`ငါအဘယ်သို့ပြုရမည်နည်း။ ငါ့သူဌေးသည်မန်နေဂျာရာထူးကိုရုပ်သိမ်း လေပြီ။ ငါ့မှာမြေတူးဆွနိုင်သောခွန်အား မရှိ။ တောင်းရမ်းစားရန်လည်းငါရှက်၏။- Garrad Bible ထို အ ခါ ဘ ဏ္ဍာ စိုး သည် ရာ ထူး ကို ငါ့ အ ရှင် ချ မည် ဖြစ်၍ မည် သို့ ငါ ပြု ရ အံ့ နည်း။ တူး ဆွ ရန် မ စွမ်း၊ တောင်း စား ရန် လည်း ရှက်၏။ Judson Bible ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နုတ်လေပြီ။ လယ်လုပ်ခြင်းငှာ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှာ ရှက်ကြောက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစီမံခန့်ခွဲသူက ‘ငါသည် မည်သို့ပြုရမည်နည်း။ သူဌေးသည် ငါ့အား စီမံခန့်ခွဲသည့်အလုပ်မှ ထုတ်လေပြီ။ ငါသည် အလုပ်ကြမ်းလုပ်ရန် ခွန်အားမရှိ။ တောင်းစားရန်လည်း ရှက်ရွံ့၏။ မြန်မာ ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နုတ်လေပြီ။ လယ်လုပ်ခြင်းငှာ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှာ ရှက်ကြောက်၏။- |
ဟာမန်ဝင်လာလျှင် ရှင်ဘုရင်က “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို မည်သို့ဂုဏ်ပြုသင့်သနည်း”ဟု မေး၏။ ဟာမန်ကလည်း “ငါမှတစ်ပါး ရှင်ဘုရင်ဂုဏ်ပြုလိုသောသူရှိမည်မဟုတ်”ဟု အတွေးဝင်၍
ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။
ပျင်းရိသောသူ၏လမ်းသည် ဆူးစည်းရိုးသဖွယ်ဖြစ်၏။ ဖြောင့်မှန်သောသူတို့၏လမ်းခရီးမူကား ပြန့်ပြူး၏။
ပျင်းရိခြင်းသည် အအိပ်ကြီးစေတတ်၏။ လုံ့လနည်းသောသူသည်လည်း ငတ်မွတ်ရလိမ့်မည်။
ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
မိမိ၏အစေအပါးကို ငယ်ရွယ်စဉ်မှစ၍ အလိုလိုက်လျှင် နောက်ဆုံးတွင် သူသည် မိုက်ရိုင်းစော်ကားတတ်သူဖြစ်သွားလိမ့်မည်။
စစ်ကြောစီရင်ရာနေ့၊ ဝေးသောအရပ်မှဖျက်ဆီးခြင်းဘေး ရောက်လာသောနေ့၌ သင်တို့မည်သို့ပြုကြမည်နည်း။ မည်သူ့ထံပြေး၍ အကူအညီတောင်းကြမည်နည်း။ သင်တို့၏စည်းစိမ်ဥစ္စာများကို မည်သည့်နေရာ၌ထားခဲ့ကြမည်နည်း။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
သတ်မှတ်ထားသောပွဲတော်နေ့၊ ထာဝရဘုရားအဖို့ပွဲတော်နေ့တွင် သင်တို့ မည်သို့ပြုကြမည်နည်း။
ညနေချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်က သူ၏အိမ်မှုကိစ္စစီမံကွပ်ကဲသူအား ‘အလုပ်သမားများကိုခေါ်၍ နောက်ဆုံးလာသောသူတို့ကစပြီး ပထမဦးဆုံးလာသောသူတို့အထိ သူတို့၏လုပ်အားခကိုပေးလော့’ဟု ဆိုလေ၏။
ထို့နောက် သူတို့သည် ဂျေရိခေါမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ များစွာသောလူထုပရိသတ်ပါလျက် ဂျေရိခေါမြို့မှထွက်ခွာတော်မူစဉ် တိမဲ၏သား ဗာတိမဲအမည်ရှိသော မျက်မမြင် သူတောင်းစားတစ်ဦးသည် လမ်းဘေးတွင်ထိုင်လျက်နေ၏။
‘ငါ၏အသီးအနှံများကိုသိုထားရန် နေရာမရှိ။ ငါသည် မည်သို့ပြုရမည်နည်း’ဟု မိမိစိတ်ထဲ၌တွေးတောဆင်ခြင်လေ၏။
သူဌေးသည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည့်အရာမှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးအရာ၌ ဆက်၍မထားနိုင်သောကြောင့် သင်၏စီမံခန့်ခွဲမှုစာရင်းကို တင်ပြလော့’ဟု ဆို၏။
သူ၏အိမ်တံခါးဝ၌ကား တစ်ကိုယ်လုံးအနာစိမ်းပေါက်နေသော လာဇရုအမည်ရှိဆင်းရဲသားတစ်ယောက် လဲလျောင်းနေ၏။
ထို့နောက် ထိုဆင်းရဲသားသည် သေလွန်သွားရာ ကောင်းကင်တမန်တို့သည် သူ့ကို အာဗြဟံ၏ရင်ခွင်ထဲသို့ ခေါ်ဆောင်သွားကြ၏။ သူဌေးသည်လည်း သေလွန်သဖြင့် သင်္ဂြိုဟ်ခြင်းကိုခံရ၏။
ဘဏ္ဍာစိုးအရာမှ ငါ့ကိုဖယ်ရှားသောအခါ လူတို့သည် သူတို့၏အိမ်၌ ငါ့ကိုလက်ခံကြစေရန် မည်သို့ပြုရမည်ကို ငါသိပြီ’ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
သူသည် အတန်ကြာမျှ စီရင်ပေးလိုစိတ်မရှိခဲ့သော်လည်း နောက်ဆုံးတွင် မိမိစိတ်ထဲ၌ ‘ငါသည် ဘုရားသခင်ကိုမကြောက်၊ လူကိုလည်းမလေးစားတတ်။
ထိုအခါ အိမ်နီးချင်းများနှင့် ယခင်က သူသည် သူတောင်းစားဖြစ်ခဲ့ကြောင်းကို သိမြင်သောသူတို့က “ဤသူသည် ထိုင်လျက်တောင်းစားနေခဲ့သူမဟုတ်လော”ဟု ဆိုကြ၏။
ထိုစဉ် လူတို့သည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၏။ သူသည် ဗိမာန်တော်ထဲသို့ဝင်သောသူတို့ထံမှ ပေးကမ်းစွန့်ကြဲခြင်းကိုတောင်းခံရန်အတွက် လူတို့သည် သူ့ကို တင့်တယ်ဟုခေါ်သော ဗိမာန်တော်တံခါးအနီးတွင် နေ့တိုင်းချထားလေ့ရှိကြ၏။
သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် သင်တို့ထဲတွင် အချို့တို့သည် စည်းမဲ့ကမ်းမဲ့အသက်ရှင်လျှောက်လှမ်း၍ အလုပ်မလုပ်ဘဲ သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်နေကြောင်း ငါတို့ကြားရကြ၏။