သူတို့က ‘တသီးတခြားနေလော့။ ငါသည် သင့်ထက်သန့်ရှင်း၏။ ငါ့အနီးသို့မလာနှင့်’ဟု ပြောဆိုကြ၏။ ဤသူတို့သည် ငါ့နှာခေါင်းထဲမှ မီးခိုး၊ တစ်နေ့လုံးတောက်လောင်နေသောမီးနှင့်တူ၏။
လုကာ 15:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သားကြီးသည် အမျက်ထွက်၍ အထဲသို့မဝင်လိုသောကြောင့် သူ၏ဖခင်သည် အပြင်သို့ထွက်လာ၍ သူ့ကိုဖျောင်းဖျလေ၏။ Common Language Bible သားကြီးသည်စိတ်ဆိုးလျက်အိမ်ထဲသို့မဝင် ဘဲနေ၏။ ဖခင်သည်အပြင်သို့ထွက်လာ၍ သားကြီးအားအိမ်ထဲသို့ဝင်ရန်ဖျောင်းဖျ၏။- Garrad Bible သား ကြီး သည် အ မျက် ထွက် သ ဖြင့် မ ဝင် လို ဘဲ ရှိ နေ ရာ ထွက် လာ တိုက် တွန်း သော အ ဘ အား၊ Judson Bible အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သားကြီးဖြစ်သူသည် ဒေါသထွက်၍ အိမ်ထဲသို့ မဝင်ဘဲနေ၏။ ဖခင်သည် အိမ်ပြင်သို့ ထွက်လာ၍ သူ့အား ဖျောင်းဖျပြောဆိုလေ၏။ မြန်မာ အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။- |
သူတို့က ‘တသီးတခြားနေလော့။ ငါသည် သင့်ထက်သန့်ရှင်း၏။ ငါ့အနီးသို့မလာနှင့်’ဟု ပြောဆိုကြ၏။ ဤသူတို့သည် ငါ့နှာခေါင်းထဲမှ မီးခိုး၊ တစ်နေ့လုံးတောက်လောင်နေသောမီးနှင့်တူ၏။
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ရေခပ်၏သား ယောနဒပ်၏သားစဉ်မြေးဆက်တို့သည် သူတို့အားမှာကြားထားခဲ့သည့် သူတို့ဘိုးဘေးတို့၏စကားကို လိုက်နာကြသော်လည်း ဤလူမျိုးမူကား ငါ့စကားကို နားမထောင်ကြပါတကားဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။
အနာကြီးရောဂါသည်တစ်ဦးသည် အထံတော်သို့လာ၍ ဒူးထောက်လျက် “ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လျှောက်ထားလေ၏။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “ဤသူသည် အပြစ်သားများကိုလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
အစေခံကလည်း ‘သင်၏ညီပြန်ရောက်လာပြီ။ သူ့ကိုကျန်းမာစွာဖြင့် ပြန်တွေ့ရသည့်အတွက် သင်၏ဖခင်သည် ဆူဖြိုးသောနွားသငယ်ကိုသတ်ပါပြီ’ဟု ပြောဆို၏။
သို့ရာတွင် သူသည် ဖခင်အား ‘အကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့ကိုအစေခံ၍ အဖေ၏အမိန့်ကို တစ်ခါမျှမလွန်ဆန်ခဲ့ပါ။ သို့သော် အကျွန်ုပ်သည် အကျွန်ုပ်၏မိတ်ဆွေများနှင့်အတူပျော်ရွှင်ရန် အဖေသည် အကျွန်ုပ်အားဆိတ်တစ်ကောင်ကိုမျှမပေးဖူးပါ။
ထို့နောက် သူ၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးနှင့်ဆိုင်သောနောင်တတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်ဟူ၍ဖြစ်၏။
ထိုအခါ ဖာရိရှဲတို့နှင့် သူတို့ထဲမှကျမ်းပြုဆရာတို့က “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း”ဟု တပည့်တော်တို့အား မကျေမနပ်ပြောဆိုကြ၏။
ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
သို့သော် ဂျူးလူမျိုးတို့သည် ထိုလူအစုအဝေးကိုမြင်လျှင် မနာလိုစိတ်နှင့်ပြည့်၍ ပေါလုဟောပြောသောအကြောင်းအရာများကို ဆန့်ကျင်လျက် စော်ကားပြောဆိုကြ၏။
သို့သော် ဂျူးလူမျိုးတို့သည် ဘုရားသခင်ကိုကိုးကွယ်သော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၏ခေါင်းဆောင်များကို တိုက်တွန်း၍ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေရန် သွေးထိုးလှုံ့ဆော်ကာ သူတို့ကို မိမိတို့၏အရပ်ဒေသမှ နှင်ထုတ်ကြ၏။
ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
သို့သော် မယုံကြည်သောဂျူးလူမျိုးတို့သည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ညီအစ်ကိုတို့အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေကြ၏။
တစ်ဖန် ငါမေးလိုသည်မှာ အစ္စရေးလူမျိုးတို့သည် မသိကြသလော။ ပထမဦးစွာ မောရှေက “ငါသည် မပြောပလောက်သောလူမျိုးအားဖြင့် သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ အသိတရားကင်းမဲ့သောလူမျိုးအားဖြင့် သင်တို့ကို မခံမရပ်နိုင်ဖြစ်စေမည်”ဟု ဆို၏။
ထိုသို့ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် တိုက်တွန်းတော်မူသည်ဖြစ်၍ ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၏။ ထို့ကြောင့် “ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ကြလော့”ဟု ခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။
လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။
ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။
ထိုသို့ သီဆိုသည်ကို ရှောလုမင်းကြီးသည် ဘဝင်မကျဘဲ အလွန်အမျက်ထွက်လျက် “သူတို့က ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းဟု ဆိုကြလေပြီ။ ထို့ထက်ပိုလာလျှင် သူ့အား နိုင်ငံတော်ပေးရန်သာရှိတော့သည်”ဟု ဆို၏။