လုကာ 15:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ထိုအခါ သားကြီးဖြစ်သူသည် ဒေါသထွက်၍ အိမ်ထဲသို့ မဝင်ဘဲနေ၏။ ဖခင်သည် အိမ်ပြင်သို့ ထွက်လာ၍ သူ့အား ဖျောင်းဖျပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible28 သားကြီးသည်စိတ်ဆိုးလျက်အိမ်ထဲသို့မဝင် ဘဲနေ၏။ ဖခင်သည်အပြင်သို့ထွက်လာ၍ သားကြီးအားအိမ်ထဲသို့ဝင်ရန်ဖျောင်းဖျ၏။- အခန်းကိုကြည့်ပါ။Garrad Bible28 သား ကြီး သည် အ မျက် ထွက် သ ဖြင့် မ ဝင် လို ဘဲ ရှိ နေ ရာ ထွက် လာ တိုက် တွန်း သော အ ဘ အား၊ အခန်းကိုကြည့်ပါ။Judson Bible28 အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ထိုအခါ သားကြီးသည် အမျက်ထွက်၍ အထဲသို့မဝင်လိုသောကြောင့် သူ၏ဖခင်သည် အပြင်သို့ထွက်လာ၍ သူ့ကိုဖျောင်းဖျလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ28 အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။- အခန်းကိုကြည့်ပါ။ |
အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်သည် ပရောဖက်များကို သတ်၍ သင့်ထံသို့ ဘုရားသခင်စေလွှတ်တော်မူသော တမန်တော်များကို ကျောက်ခဲနှင့် ပေါက်သတ်၏။ ကြက်မသည် ကြက်ကလေးများကို သူ၏တောင်ပံအောက်၌ အုပ်၍ ကာကွယ်သကဲ့သို့ သင်၏သားသမီးတို့ကို စုစည်းစေရန် အကြိမ်ကြိမ် ငါအလိုရှိ၏။ သို့သော်လည်း သင်သည် ထိုသို့ အလိုမရှိ။
အစ္စရေးလူမျိုးတို့သည် အမှန်ပင်မသိကြသလောဟု ကျွန်ုပ် ထပ်မံ၍ မေးလို၏။ အမှန်ပင် သိကြ၏။ အဘယ်ကြောင့်ဆိုသော် မောရှေခေတ်ကာလ၌ ဘုရားသခင်က “ငါသည် လူမျိုးစုပင်မဟုတ်သော လူတို့အားဖြင့် သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေမည်။ ပညာမဲ့သော လူမျိုးခြားများအားဖြင့်လည်း သင်တို့ကို ဒေါသထွက်စေမည်” ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။