ဧသောသည် ပြေးလာ၍သူနှင့်တွေ့ဆုံပြီး သူ့ကိုပွေ့ဖက်လျက်၊ လည်ချင်းယှက်လျက် နမ်းလေ၏။ ထို့နောက် သူတို့သည် ငိုကြွေးကြ၏။
လုကာ 15:20 - မြန်မာ့စံမီသမ္မာကျမ်း ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။ Common Language Bible ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။ ``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။- Garrad Bible အ ဝေး၌ ရှိ သေး စဉ် အ ဘ မြင်၍ က ရု ဏာ သက် သ ဖြင့် ပြေး ကြို လျက် လည် ကို ဖက် ပြီး လျှင် နမ်း ရှုပ် လေ၏။ Judson Bible ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက် နမ်းရှုပ်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူသည် ထ၍ ဖခင်ထံ ပြန်လေ၏။ အဝေး၌ ရှိနေစဉ်ပင် ဖခင်သည် သားကိုမြင်လျှင် သနားကြင်နာသောစိတ်နှင့် ပြေးဖက်လျက် နမ်းရှုပ်လေ၏။ မြန်မာ ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက် နမ်းရှုပ်လေ၏။- |
ဧသောသည် ပြေးလာ၍သူနှင့်တွေ့ဆုံပြီး သူ့ကိုပွေ့ဖက်လျက်၊ လည်ချင်းယှက်လျက် နမ်းလေ၏။ ထို့နောက် သူတို့သည် ငိုကြွေးကြ၏။
ထို့နောက် ယောသပ်သည် မိမိညီဗင်္ယာမိန်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။ ဗင်္ယာမိန်သည်လည်း ယောသပ်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။
ယောသပ်သည် မိမိရထားကိုအသင့်ပြင်ဆင်စေပြီးလျှင် မိမိဖခင်အစ္စရေးနှင့်တွေ့ဆုံရန် ဂေါရှင်အရပ်သို့သွားလေ၏။ ဖခင်ကိုတွေ့သောအခါ ဖခင်၏လည်ပင်းကိုဖက်၍ အတန်ကြာငိုကြွေးလေ၏။
ထို့ကြောင့် ယွာဘသည် ရှင်ဘုရင်ထံသို့သွား၍ လျှောက်တင်ရာ ရှင်ဘုရင်က အဗရှလုံကိုဆင့်ခေါ်၏။ သူသည် ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်၏ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်၏။ ရှင်ဘုရင်လည်း အဗရှလုံကို နမ်းလေ၏။
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
မိခင်သည် မိမိနို့စို့ကလေးကို မေ့လျော့နိုင်မည်လော။ မိမိဝမ်းနှင့်လွယ်သောသားသမီးကို မသနားဘဲနေမည်လော။ ထိုသို့မေ့လျော့နိုင်ခဲ့လျှင်ပင် ငါသည် သင့်ကိုမေ့လျော့မည်မဟုတ်။
သူ၏လမ်းတို့ကို ငါမြင်ပြီ။ သို့သော် ငါသည် သူ့ကိုကုသ၍ လမ်းပြပေးမည်။ သူ့ကိုလည်းကောင်း၊ သူနှင့်အတူငိုကြွေးမြည်တမ်းသောသူတို့ကိုလည်းကောင်း ပြန်လည်နှစ်သိမ့်ပေးမည်။
ထာဝရဘုရားက “ဧဖရိမ်သည် ငါချစ်သောသား၊ ငါမြတ်နိုးသောသားလေးဖြစ်သည်မဟုတ်လော။ ငါသည် သူ့ကို အပြစ်တင်ပြောဆိုလေတိုင်း သူ့ကို အစဉ်သတိရလျက်ရှိပါ၏။ ထို့ကြောင့် သူ့အတွက် စိုးရိမ်ပူပန်၏။ သူ့ကို အလွန်သနား၏”ဟု မိန့်တော်မူ၏။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ။ အကျွန်ုပ်ကို အဖေ၏အလုပ်သမားတစ်ဦးအဖြစ်ထားပါ”ဟူ၍ ငါပြောမည်’ဟု ဆိုပြီးလျှင်
သားကလည်း ‘အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။ အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ’ဟု ဆို၏။
အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
သို့သော် တစ်ချိန်က ဝေးကွာလျက်ရှိခဲ့သောသင်တို့သည် ယခုအခါ ခရစ်တော်ယေရှု၌ ခရစ်တော်၏သွေးတော်အားဖြင့် အနီးသို့ရောက်ရကြပြီ။
ထို့နောက် ကိုယ်တော်သည် ကြွလာတော်မူ၍ အဝေး၌ရှိသောသင်တို့ကိုလည်းကောင်း၊ အနီး၌ရှိသောသူတို့ကိုလည်းကောင်း သင့်မြတ်ငြိမ်းချမ်းခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။