အကျွန်ုပ်သည် သူတို့ကိုအမုန်းကြီးမုန်းပါ၏။ အကျွန်ုပ်၏ရန်သူများအဖြစ် မှတ်ယူပါ၏။
လုကာ 14:26 - မြန်မာ့စံမီသမ္မာကျမ်း “တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိမိ၏ဖခင်၊ မိခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။ Common Language Bible ``ငါ့ထံကိုလာသော်လည်းငါ့ကိုချစ်သည် ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ နှင့်မိမိကိုယ်ကိုပို၍ချစ်သောသူသည် ငါ ၏တပည့်မဖြစ်နိုင်။- Garrad Bible ကိုယ် တော် က မည် သူ မ ဆို ငါ့ ထံ ရောက် လာ၍ မိ ဘ၊ သား၊ မ ယား၊ ညီ အစ် ကို မောင် နှ မ များ နှင့် ကိုယ့် အ သက် ကို မ မုန်း လျှင် ငါ့ တ ပည့် မ ဖြစ် နိုင်။ Judson Bible အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း “ငါ့ထံသို့လာသောသူသည် ငါ့ကိုချစ်သည်ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမများနှင့် မိမိအသက်ကို ပို၍ ချစ်သောသူဖြစ်လျှင် ထိုသူသည် ငါ့တပည့်မဖြစ်နိုင်။ မြန်မာ အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။- |
အကျွန်ုပ်သည် သူတို့ကိုအမုန်းကြီးမုန်းပါ၏။ အကျွန်ုပ်၏ရန်သူများအဖြစ် မှတ်ယူပါ၏။
သို့သော် ဟောဗပ်က “ငါမလိုက်ပါ။ ငါ့ပြည်၊ ငါ့လူမျိုးတို့ရှိရာသို့သာ ငါပြန်သွားမည်”ဟု ဆိုလေ၏။
ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
နောက်တစ်ဦးကလည်း ‘အကျွန်ုပ်သည် မိန်းမနှင့်ထိမ်းမြားစုံဖက်ပြီဖြစ်၍ မလာနိုင်ပါ’ဟု ဆို၏။
ထို့နောက် များစွာသောလူထုပရိသတ်တို့သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြသဖြင့် ကိုယ်တော်သည် လှည့်ကြည့်၍ ထိုသူတို့အားမြွက်ဆိုတော်မူသည်မှာ
မိမိအသက်ကိုတွယ်တာသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထိုအသက်ကို ထာဝရအသက်အတွက် စောင့်ရှောက်လိမ့်မည်။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
“ယာကုပ်ကို ငါချစ်၏။ ဧသောကိုမူကား ငါမုန်း၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
တစ်စုံတစ်ယောက်၌ မယားနှစ်ယောက်ရှိပြီး တစ်ယောက်ကိုချစ်၍ အခြားတစ်ယောက်ကိုမုန်း၏။ အချစ်ခံရသောမယားနှင့် အချစ်မခံရသောမယားတို့သည် သူ့အတွက် သားများကို မွေးဖွားသောအခါ အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်လျှင်
သူတို့သည် ကိုယ်တော်၏စကားတော်ကိုလိုက်နာ၍ ကိုယ်တော်၏ပဋိညာဉ်ကိုစောင့်ထိန်းသောကြောင့် ကိုယ့်မိဘကိုပင်လျှင် ‘သူတို့ကို ငါဂရုမစိုက်’ဟု ဆို၏။ မိမိညီအစ်ကိုကိုလည်း အသိအမှတ်မပြု၊ မိမိသားသမီးတို့ကိုလည်း မသိကျိုးကျွန်ပြု၏။
ထိုမျှမက ငါ၏သခင်ခရစ်တော်ယေရှုကို သိသောဉာဏ်၏ထူးမြတ်သောအကျိုးကျေးဇူးကြောင့် အရာခပ်သိမ်းကို အရှုံးဟူ၍ ငါမှတ်ယူ၏။ ထိုသခင်ကိုထောက်၍ အရာခပ်သိမ်းတို့ကို ငါအဆုံးရှုံးခံပြီး ၎င်းတို့ကို မစင်ကဲ့သို့ ငါမှတ်ယူ၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။