သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
လုကာ 14:23 - မြန်မာ့စံမီသမ္မာကျမ်း သခင်ကလည်း ‘ခရီးသွားလမ်းမများနှင့် တောလမ်းကြားများသို့သွား၍ ငါ့အိမ်ပြည့်အောင် လူတို့ကို မရမကခေါ်ခဲ့လော့။ Common Language Bible အိမ်ရှင်က `ကျေးလက်တောရွာလမ်းများကို သွား၍အိမ်ပြည့်အောင်လူများကိုအနိုင် အထက်ခေါ်ခဲ့လော့။- Garrad Bible အ ရှင် က မြို့ ပြင် လမ်း များ သို့ သွား၍ ငါ့ မ ဏ္ဍပ် ပြည့် စေ ခြင်း ငှာ အ နိုင့် အ ထက် သွင်း လော့။ Judson Bible သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှာ အနိုင်အထက် ခေါ်သွင်းလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဖြစ်သူက အစေအပါးအား ‘မြို့ပြင်လမ်းမများနှင့် လမ်းကြိုလမ်းကြားများသို့ သွား၍ တွေ့မြင်သမျှလူတို့ကို ပွဲသို့ ခေါ်ဆောင်လာပြီး အိမ်ကို ပြည့်စေလော့။ မြန်မာ သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှာ အနိုင်အထက် ခေါ်သွင်းလော့။- |
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
ကိုယ်တော်သည် အစ္စရေးအမျိုးအနွယ်အပေါ် ထားရှိသည့် မိမိ၏မေတ္တာကရုဏာတော်နှင့် သစ္စာတော်တို့ကို အောက်မေ့တော်မူပြီ။ ကမ္ဘာမြေအစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်ရကြပြီ။
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှသိမ်းယူ၍ ထိုနိုင်ငံတော်၏အသီးကိုသီးမည့်လူမျိုးထံ ပေးတော်မူလိမ့်မည်။
သင့်ကို ခရီးတစ်မိုင်အတင်းအကျပ်သွားစေသောသူရှိလျှင် ထိုသူနှင့်အတူ နှစ်မိုင်သွားလော့။
ထို့နောက် အစေအပါးက ‘သခင်၊ သခင်စေခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီ။ သို့သော် နေရာရှိပါသေး၏’ဟု လျှောက်လေ၏။
သင်တို့အား ငါဆိုသည်ကား ယခင်ဖိတ်ခေါ်ထားသူတို့ထဲမှ မည်သူမျှ ငါ၏ညစာစားပွဲကိုမြည်းစမ်းရမည်မဟုတ်’ဟု အစေအပါးအား ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။
သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။
သို့သော် ဂျူးလူမျိုးတို့သည် သူ့ကိုဆန့်ကျင်၍ စော်ကားပြောဆိုကြသောအခါ သူသည် အဝတ်ကိုခါချလျက် “သင်တို့၏သွေးသည် သင်တို့ခေါင်းပေါ်၌တည်စေ။ ငါမူကား ၎င်းနှင့်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသွားမည်”ဟု ဆိုပြီးလျှင်
ထို့ကြောင့် ဘုရားသခင်၏ ဤကယ်တင်ခြင်းတရားသည် လူမျိုးခြားတို့ထံ စေလွှတ်ခြင်းခံရ၍ သူတို့သည် နားထောင်ကြမည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့”ဟူသောစကားတစ်ခွန်းကို ပြောလိုက်လေ၏။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
သို့သော် ငါမေးလိုသည်မှာ ထိုသူတို့မကြားခဲ့ရသလော။ အမှန်ပင်ကြားခဲ့ရ၏။ “သူတို့၏အသံသည် မြေကြီးတစ်ပြင်လုံးသို့ ပျံ့နှံ့သွား၍ သူတို့၏စကားသည် ကမ္ဘာလောကအစွန်အဖျားတိုင်အောင် ရောက်လေ၏။ ”
ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။
ထိုသို့ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် တိုက်တွန်းတော်မူသည်ဖြစ်၍ ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၏။ ထို့ကြောင့် “ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ကြလော့”ဟု ခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။
ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်နှင့်အညီ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အချည်းနှီးမခံယူကြနှင့်ဟု သင်တို့အားတိုက်တွန်းနှိုးဆော်ပါ၏။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။