တမန်တော်ဝတ္ထု 28:28 - မြန်မာ့စံမီသမ္မာကျမ်း28 ထို့ကြောင့် ဘုရားသခင်၏ ဤကယ်တင်ခြင်းတရားသည် လူမျိုးခြားတို့ထံ စေလွှတ်ခြင်းခံရ၍ သူတို့သည် နားထောင်ကြမည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့”ဟူသောစကားတစ်ခွန်းကို ပြောလိုက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible28 နိဂုံးချုပ်အနေဖြင့်ပေါလုက ``သို့ဖြစ်၍ ကယ်တင်တော်မူခြင်းဆိုင်ရာဘုရားသခင်၏ ကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ကြား နာရန်ဟောပြောမည့်သူတို့ကိုစေလွှတ်ပြီဖြစ် ၍ သူတို့သည်ကြားနာကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုကြောင့် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို တစ်ပါးအမျိုးသားတို့အား ပေးလိုက်သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ထို့ကြောင့် ဘုရားသခင်ပေးတော်မူသော ဤကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ထံသို့ ပို့တော်မူပြီဖြစ်၍ သူတို့သည် ထိုတရားကို လက်ခံယုံကြည်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့” ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။