လုကာ 14:21 - မြန်မာ့စံမီသမ္မာကျမ်း
အစေအပါးသည် ပြန်လာ၍ ထိုအကြောင်းအရာများကို မိမိသခင်အားကြားလျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍ မိမိအစေအပါးအား ‘မြို့ထဲရှိ လမ်းမ၊ လမ်းကြားများထဲသို့ အမြန်သွား၍ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဤနေရာသို့ခေါ်ခဲ့လော့’ဟု ဆို၏။
အခန်းကိုကြည့်ပါ။
အစေခံသည်မိမိ၏အရှင်ထံသို့ပြန်လာ၍ ထိုအကြောင်းများကိုလျှောက်လေ၏။ ထိုအခါ အိမ်ရှင်အမျက်ထွက်၍ `လမ်းမလမ်းကြားသို့ အမြန်သွား၍ဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုခေါ်ခဲ့လော့' ဟုအစေခံအားစေခိုင်း၏။-
အခန်းကိုကြည့်ပါ။
ထို စ ကား များ ကို ကျွန် ပြန် ရောက်၍ လျှောက် ထား သည့် ကာ လ ပွဲ ရှင် သည် အ မျက် ထွက်၍ ကျွန် အား မြို့ တွင်း ရှိ လမ်း မ လမ်း မြှောင် များ သို့ အ မြန် သွား ပြီ လျှင် ဆင်း ရဲ သူ၊ အင်္ဂါ ပျက် သူ၊ မျက် မ မြင် သူ၊ ခြေ ဆွံ့ သူ တို့ ကို ဆောင် ခဲ့ ဟု ဆို သည့် အ တိုင်း ကျွန် က အ ရှင်၊
အခန်းကိုကြည့်ပါ။
အစေအပါသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါကို ဆို၏။-
အခန်းကိုကြည့်ပါ။
အစေအပါးသည်လည်း ပြန်လာ၍ ထိုအကြောင်းအရာများကို သခင်ဖြစ်သူထံ တင်ပြလေ၏။ ထိုအခါ သခင်သည် အမျက်ထွက်၍ ထိုအစေအပါးအား ‘မြို့ထဲလမ်းမ၊ လမ်းသွယ်၊ လမ်းကြားသို့ ချက်ချင်းသွား၍ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ မျက်စိမမြင်သူများနှင့် ခြေမသန်သူများကို ခေါ်လော့’ ဟု စေခိုင်းပြန်၏။
အခန်းကိုကြည့်ပါ။
အစေအပါသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါကို ဆို၏။-
အခန်းကိုကြည့်ပါ။