သို့ဖြစ်၍ ငါ့ကိုမတားနှင့်။ ငါသည် သူတို့ကို အမျက်ထွက်၍ ဖျက်ဆီးပစ်မည်။ သင့်ကိုကား လူမျိုးကြီးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
လုကာ 13:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူသည် ဥယျာဉ်မှူးအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်မှအသီးကိုလာရှာသော်လည်းမတွေ့ရ။ ဤသဖန်းပင်ကိုခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ဟု ဆို၏။ Common Language Bible ဥယျာဉ်ရှင်က `ငါသည်ဤသဖန်းပင်ကိုလာ၍ သဖန်းသီးရှာသည်မှာသုံးနှစ်ရှိချေပြီ။ သို့ရာ တွင်တစ်လုံးမျှမတွေ့ရ။ ဤသဖန်းပင်ကိုခုတ် ပစ်လော့။ အဘယ်ကြောင့်မြေကိုအကျိုးမဲ့ ဖြစ်စေမည်နည်း' ဟုဥယျာဉ်မှူးအားဆို၏။- Garrad Bible ကြည့် လော့၊ ဤ သ ဖန်း ပင် တွင် ယ ခု သုံး နှစ် တိုင် တိုင် အ သီး ရှာ ငါ လာ သော် မ တွေ့။ ခုတ် လှဲ လော့။ အ ဘယ် ကြောင့် မြေ ကို အ သုံး မဲ့ ဖြစ် စေ သ နည်း ဟု ဆို သော အ ခါ၊ Judson Bible ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို နှောင့်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ခြံစောင့်လုပ်သားအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်မှ အသီးကို လာ၍ ရှာသော်လည်း အသီးတစ်လုံးမျှမသီး။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ ဟု ဆို၏။ မြန်မာ ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို နှောင့်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။- |
သို့ဖြစ်၍ ငါ့ကိုမတားနှင့်။ ငါသည် သူတို့ကို အမျက်ထွက်၍ ဖျက်ဆီးပစ်မည်။ သင့်ကိုကား လူမျိုးကြီးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ကျယ်လောင်စွာ အော်ဟစ်လျက် ‘ဤသစ်ပင်ကို ခုတ်လှဲပစ်လော့။ အကိုင်းအခက်များကိုလည်း ခုတ်ဖြတ်ပစ်လော့။ အရွက်များကို ခြွေချပြီး အသီးများကိုလည်း ဖြန့်ကြဲပစ်လော့။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်မှလည်းကောင်း၊ ငှက်တို့သည် အကိုင်းအခက်တို့မှလည်းကောင်း ထွက်ပြေးကြပါစေ။
သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ မည်သည့်သီးစားပင်ကိုမဆို သင်တို့စိုက်ပျိုး၍ အသီးသီးလျှင် ထိုအသီးကို အရေဖျားလှီးခြင်းမခံထားသောအသီးအဖြစ် သတ်မှတ်ရမည်။ သုံးနှစ်အတွင်း သင်တို့အတွက် အရေဖျားလှီးခြင်းမခံထားသောအသီးဖြစ်၏။ ထိုအသီးကို မစားရ။
ငါသည် ဆဋ္ဌမနှစ်၌ သင်တို့အပေါ်သို့ ငါ၏ကောင်းချီးမင်္ဂလာကို သက်ရောက်စေမည်။ ထိုနှစ်၌ သုံးနှစ်စာအသီးအနှံ ထွက်လိမ့်မည်။
ကောင်းသောအသီးမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။
သို့သော် ဥယျာဉ်မှူးက ‘သခင်၊ ဤအပင်ကို ယခုနှစ်လည်းထားပါဦး။ အပင်ပတ်လည်ကို အကျွန်ုပ်တူးဆွ၍ မြေသြဇာထည့်ပါဦးမည်။
ပုဆိန်ကိုလည်း သစ်ပင်တို့၏အမြစ်နားတွင် ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
ငါ၌အသီးမသီးသောအကိုင်းအခက်ရှိသမျှကို ခမည်းတော်သည် ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍အသီးသီးစေရန် ကိုင်းဖြတ်ပြုပြင်တော်မူ၏။
တစ်စုံတစ်ဦးသည် ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။