သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။
သင်တို့တွင်အဘယ်သူသည်စိုးရိမ်ခြင်း အားဖြင့်မိမိ၏အသက်ကိုနှစ်အနည်း ငယ်မျှပို၍ရှည်စေနိုင်သနည်း။-
သင် တို့ တွင် မည် သူ သည် စိုး ရိမ် ခြင်း အား ဖြင့် ကိုယ့်အ ရပ် အ မောင်း ကို တစ် တောင် တိုး စေ နိုင် သ နည်း။
အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။-
မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏အသက်ကို အနည်းငယ်ရှည်စေနိုင်သနည်း။
ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါးသာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ)
သင်၏ဦးခေါင်းကို တိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား သင်သည် ဆံပင်တစ်ပင်ကိုမျှ ဖြူအောင်၊ သို့မဟုတ် မည်းအောင်မလုပ်နိုင်။
ထိုသို့ သေးငယ်သောအမှုကိုပင် မတတ်နိုင်ကြလျှင် အဘယ်ကြောင့် အခြားသောအမှုများအတွက် စိုးရိမ်ကြသနည်း။
သူသည် ယေရှုမည်သူဖြစ်သည်ကို မြင်ရရန်ကြိုးစားသော်လည်း အရပ်ပုသောကြောင့် လူထုပရိသတ်ကိုကျော်၍ မမြင်နိုင်ပေ။