မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။
လုကာ 12:24 - မြန်မာ့စံမီသမ္မာကျမ်း ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သိုလှောင်ရုံများနှင့် ကျီများလည်းမရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်တို့ထက် များစွာအဖိုးထိုက်ကြ၏။ Common Language Bible ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ အသီးအနှံများ ကိုမရိတ်မသိမ်း။ သူတို့မှာကုန်လှောင်ခန်းများ၊ ကျီများမရှိ။ သို့ရာတွင်ဘုရားသခင်သည် သူတို့အားကျွေးမွေးတော်မူ၏။ သင်တို့ ကားငှက်များထက်များစွာအဖိုးထိုက်သည် မဟုတ်လော။- Garrad Bible စိုက် ပျိုး ခြင်း၊ ရိတ် သိမ်း ခြင်း ကင်း၍ ကျီ ကျ မ ရှိ သော ကျီး များ ကို ဘု ရား သ ခင် ကျွေး မွေး တော် မူ ကြောင်း စဉ်း စား ကြ လော့။ သင် တို့ သည် ငှက် များ ထက် သာ၍ မြတ် သည် တ ကား။ Judson Bible ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည် မျိုးစေ့ကို မကြဲ။ သီးနှံကိုလည်း မရိတ်သိမ်းကြ။ သူတို့သည် စပါးကျီမရှိ။ သိုလှောင်စရာ နေရာလည်းမရှိ။ သို့သော် ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် များစွာအဖိုးတန်သည်မဟုတ်လော။ မြန်မာ ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။- |
မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။
ကျီးသားငယ်တို့ စားစရာမရှိသောကြောင့် လှည့်လည်ပျံဝဲလျက် ဘုရားသခင်ထံ အကူညီအော်ဟစ်တောင်းခံသောအခါ ကျီးကန်းအတွက် စားစရာ မည်သူပြင်ဆင်ပေးသနည်း။
ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက် အဖိုးထိုက်ကြ၏။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
မိုးကောင်းကင်ငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ၊ ရိတ်သိမ်းခြင်းနှင့် ကျီ၌စုသိမ်းခြင်းတို့ကိုလည်း မပြုကြ။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် အဖိုးထိုက်ကြသည်မဟုတ်လော။
မင်းကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ စားပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ သူ့ကို မငြင်းဆန်လိုသဖြင့်
ထို့နောက် သူက ‘ငါဤသို့ပြုမည်။ ငါ့ကျီများကိုဖျက်၍ ပိုမိုကြီးမားသောကျီများကိုဆောက်ပြီးလျှင် ငါ၏ဂျုံဆန်နှင့်ကောင်းသောအရာရှိသမျှတို့ကို ထိုနေရာတွင် စုသိမ်းထားမည်။
အကြောင်းမူကား အသက်သည် အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီး၏။
သင်တို့ဦးခေါင်းမှဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။ မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက်အဖိုးထိုက်ကြ၏။