အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 12:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မိမိ​အတွက် ဥစ္စာ​များ​ကို​သိုမှီး​ထား​သော်လည်း ဘုရားသခင်​၏​ရှေ့​တော်​၌ ကြွယ်ဝ​ခြင်း​မ​ရှိ​သော​သူ​သည် ဤ​သူဌေး​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

``မိ​မိ​အ​တွက်​ဘဏ္ဍာ​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ဆင်း​ရဲ​သော သူ​ကား အ​ဆို​ပါ​သူ​ဌေး​နှင့်​တူ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရား သ ခင့် ရှေ့ တော် တွင် မ ကြွယ် ဝ ဘဲ ကိုယ့် အ ဖို့ ဘ ဏ္ဍာ ကို သို မှီး၍ ထား သော သူ ကား ထို သို့ တည်း ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​တူ ကိုယ်​အ​ဖို့ ဘ​ဏ္ဍာ​များ​ကို​ဆည်း​ပူး၍၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ ဆင်း​ရဲ​သော​သူ မည်​သည်​ကား၊ ထို​သူ​ဌေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုကဲ့သို့​ပင် မိမိ​အတွက် စည်းစိမ်​ဥစ္စာများ​ကို စုသိမ်းထား​သော်လည်း ဘုရားသခင်​ရှေ့တွင် ဆင်းရဲသော​သူ​သည် ထို​သူဌေး​နှင့်​တူ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​အ​တူ ကိုယ်​အ​ဖို့ ဘ​ဏ္ဍာ​များ​ကို​ဆည်း​ပူး၍၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ ဆင်း​ရဲ​သော​သူ မည်​သည်​ကား၊ ထို​သူ​ဌေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



လုကာ 12:21
14 ပူးပေါင်းရင်းမြစ်များ  

ဘာမျှ​မ​ရှိ​ဘဲ​လျက် ချမ်းသာဟန်ဆောင်​သော​သူ​ရှိ​၏​။ စည်းစိမ်ဥစ္စာ​များစွာ​ရှိ​လျက်​နှင့် ဆင်းရဲ​ဟန်ဆောင်​သော​သူ​ရှိ​၏​။


အစ္စရေး​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​နှင့် တူ​၏​။ ကိုယ့်​အဖို့​သာ သီး​၏​။ အသီး​များစွာ​သီး​လေလေ ယဇ်ပလ္လင်​များစွာ တည်​လေလေ​၊ တိုင်းပြည်​သာယာဝပြော​လေလေ အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​လည်း ပို၍​ကောင်း​အောင်​စိုက်ထူ​ကြ​လေလေ ဖြစ်​၏​။


ဘေးအန္တရာယ်​မှ​လွတ်မြောက်​ရန် မိမိ​အသိုက်​ကို မြင့်သောနေရာ​၌​ဆောက်​သော​သူ​၊ မတရား​အကျိုးစီးပွား​ကို မိမိ​အိမ်​အဖို့​ရှာ​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။


သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ မိမိ​တို့​အတွက် မ​ဟောင်းနွမ်း​နိုင်​သော ပိုက်ဆံ​အိတ်​များ​ကို​ပြုလုပ်​ကြ​၍ သူခိုး​မ​ကပ်၊ ပိုးမွှား​လည်း​မ​ဖျက်ဆီး​ရာ ကောင်းကင်​ဘုံ​၌ မ​ကုန်ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သိုမှီး​ကြ​လော့။


သို့ဖြစ်၍ သင်​တို့​သည် မ​ဖြောင့်မတ်​သော​လောကီ​စည်းစိမ်​၌ သစ္စာ​မ​ရှိ​ကြ​လျှင် စစ်မှန်​သော​စည်းစိမ်​ကို မည်သူ​က သင်​တို့​၌ ယုံကြည်​အပ်နှံ​ထား​မည်နည်း။


သို့သော် ချမ်းသာ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မိမိ​တို့​ခံစားရ​မည့်​နှစ်သိမ့်​မှု​ကို​ရရှိ​ကြ​ပြီ​ဖြစ်​၏။


သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။


ဝမ်းနည်း​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အစဉ်​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ဆင်းရဲ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း များစွာ​သော​သူ​တို့​ကို ကြွယ်ဝ​ပြည့်စုံ​စေ​ကြ​၏။ မည်သည့်​အရာ​မျှ​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အလုံးစုံ​ကို​ပိုင်ဆိုင်​ကြ​၏။


ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။


ငါ​ချစ်​သော​ညီအစ်ကို​တို့၊ နားထောင်​ကြ​လော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲ​သော​သူ​တို့​ကို ယုံကြည်​ခြင်း​၌​ကြွယ်ဝ​သော​သူ​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​လည်းကောင်း ရွေးကောက်​တော်မူ​သည်​မ​ဟုတ်​လော။


သင်​၏​ဒုက္ခ​ဝေဒနာ​နှင့်​ဆင်းရဲ​ခြင်း​တို့​ကို ငါ​သိ​၏။ အမှန်မှာ သင်​သည် ချမ်းသာ​၏။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သော​သူ​တို့​ထံမှ သင်​ခံရ​သော​စော်ကား​ပြောဆို​ခြင်း​ကို​လည်း ငါ​သိ​၏။