သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
လုကာ 11:48 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သင်တို့သည် သင်တို့ဘိုးဘေးများပြုသောအမှုတို့ကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် ပရောဖက်များကိုသတ်၍ သင်တို့သည် သင်္ချိုင်းဂူများကိုတည်ဆောက်ကြ၏။ Common Language Bible ဤသို့လျှင်သင်တို့၏ဘိုးဘေးများကူးလွန် ခဲ့သည့်အမှုများတွင် သင်တို့အလိုတူအလို ပါဖြစ်ကြ၏။ သင်တို့၏ဘိုးဘေးများသည် ပရောဖက်များကိုသတ်၍ သင်တို့ကသင်္ချိုင်း များကိုတည်ဆောက်ပေးကြ၏။- Garrad Bible သူ တို့ သတ် ခဲ့ သည် နှင့် အ ညီ သင် တို့ တည် ဆောက် ကြ သ ဖြင့် ဘိုး ဘေး တို့၏ အ မှု ကို နှစ် သက် သော သက် သေ ခေါင်း ဆောင် ဖြစ် ကြ သည် တ ကား။ Judson Bible အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏ အပြုအမူကို လက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက်များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘိုးဘေးများပြုသောအမှုများကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများလည်း ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဘိုးဘေးများသည် ပရောဖက်များကို သတ်၍ သင်တို့က အုတ်ဂူများတည်ကြသောကြောင့်ဖြစ်၏။ မြန်မာ အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏ အပြုအမူကို လက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက်များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။ |
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
သင့်ကို အပြစ်တင်သူမှာ ငါမဟုတ်။ သင့်နှုတ်ပင်ဖြစ်၏။ သင့်နှုတ်ခမ်းသည် သင့်ကို ဆန့်ကျင်၍သက်သေထွက်ဆိုလေပြီ။
ကိုယ်တော်သည် သူတို့လျှာကြောင့် သူတို့ကိုလဲကျစေတော်မူလိမ့်မည်။ သူတို့ကိုမြင်သောသူအပေါင်းတို့သည် ထွက်ပြေးကြလိမ့်မည်။
သို့သော် သင်တို့က ဖခင်၏အပြစ်အတွက် သားသည် အဘယ်ကြောင့်မခံရသနည်းဟူ၍ မေးကြ၏။ သားသည် တရားမျှတ၍ဖြောင့်မတ်သောအမှုကိုပြုလျက် ငါ၏ပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းသောကြောင့် သူသည် အမှန်ပင်အသက်ချမ်းသာရာရလိမ့်မည်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသည့် သင်္ချိုင်းဂူများနှင့်တူကြ၏။ ၎င်းတို့သည် အပြင်ဘက်၌ တင့်တယ်စွာထင်ရှားသော်လည်း အတွင်း၌ကား လူသေတို့၏အရိုးများနှင့် ညစ်ညူးသောအရာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။
ဤသို့ဖြင့် သင်တို့သည် ပရောဖက်တို့ကိုသတ်ခဲ့သောသူတို့၏အမျိုးအနွယ်များဖြစ်ကြောင်း သင်တို့ကိုယ်တိုင်သက်သေခံကြ၏။
သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့ဘိုးဘေးများသတ်ခဲ့သော ပရောဖက်တို့၏သင်္ချိုင်းဂူများကို တည်ဆောက်ကြ၏။
သို့ဖြစ်၍ ဘုရားသခင်၏ဉာဏ်ပညာတော်က ‘ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ ငါစေလွှတ်မည်။ ထိုအခါ သူတို့သည် ထိုသူတို့ထဲမှ အချို့တို့ကိုညှဉ်းဆဲ၍ သတ်ကြလိမ့်မည်’ဟု မြွက်ဆိုထား၏။
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
ညီအစ်ကိုတို့၊ ဆင်းရဲဒုက္ခခံခြင်းနှင့်စိတ်ရှည်ခြင်းတို့နှင့်ပတ်သက်၍ သခင်ဘုရား၏နာမတော်အားဖြင့် ဟောပြောသောပရောဖက်တို့ကို စံနမူနာယူကြလော့။
ယောရှုကလည်း လူတို့အား “ထာဝရဘုရားကိုသာဝတ်ပြုမည်ဟု သင်တို့ရွေးချယ်ခြင်းအမှုမှာ သင်တို့ကိုယ်တိုင်ပင် သက်သေဖြစ်၏”ဟုဆိုလျှင် သူတို့ကလည်း “အကျွန်ုပ်တို့သည် သက်သေဖြစ်ကြပါ၏”ဟု ပြန်ပြောကြ၏။