ထိုသူတို့ပြန်သွားကြသောအခါ ယေရှုသည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသောကျူပင်ကိုလော။
လုကာ 1:80 - မြန်မာ့စံမီသမ္မာကျမ်း သူငယ်သည်လည်းကြီးထွား၍ စိတ်ဝိညာဉ်ကြံ့ခိုင်လာကာ အစ္စရေးလူမျိုးရှေ့၌ ထင်ရှားသည့်နေ့ရက်တိုင်အောင် တောကန္တာရ၌နေလေ၏။ Common Language Bible သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။ Garrad Bible သူ ငယ် သည် ကြီး ပွား၍ စိတ် အား ကြီး လျက် ဣ သ ရေ လ လူ မျိုး အား ထင် ရှား သည့် နေ့ တိုင် အောင် တော၌ ရှိ နေ၏။ Judson Bible ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင်အောင် တောအရပ်၌ နေလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။ မြန်မာ ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင်အောင် တောအရပ်၌ နေလေ၏။ |
ထိုသူတို့ပြန်သွားကြသောအခါ ယေရှုသည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသောကျူပင်ကိုလော။
အကြောင်းမူကား သူသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လာမည်။ စပျစ်ဝိုင်နှင့်သေရည်သေရက်တို့ကိုလည်းမသောက်၊ အမိဝမ်းတွင်း၌ရှိစဉ်ကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။
သူငယ်သည်လည်းကြီးထွား၍ ကြံ့ခိုင်သန်စွမ်းလာကာ ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်လေ၏။
ယေရှုသည် ကာယ၊ ဉာဏကြီးထွားတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရတော်မူ၏။
ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် အစ္စရေးလူမျိုးရှေ့၌ သူ့ကိုထင်ရှားစေရန် ငါသည်လာ၍ ရေ၌ဗတ္တိဇံပေးလျက်နေသည်”ဟု ဆို၏။
အကြောင်းမူကား သူသည် ကျမ်းစာအားဖြင့် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ထောက်ပြလျက် လူအများရှေ့တွင် ဂျူးလူမျိုးတို့ကို ပိုင်နိုင်စွာချေပလေ၏။
ထာဝရဘုရားသည် ဟန္နကို ကြည့်ရှုထောက်မတော်မူသဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားသုံးယောက်၊ သမီးနှစ်ယောက်ကို ထပ်မံမွေးဖွားလေ၏။ သူငယ်ရှမွေလသည်လည်း ထာဝရဘုရားရှေ့တော်တွင် ကြီးပြင်းလာလေ၏။