နှိပ်စက်ခြင်းခံရသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍ ဆာလောင်မွတ်သိပ်သောသူတို့အား အစားအစာကိုပေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းခံရသောသူတို့ကို လွှတ်ပေးတော်မူ၏။
လုကာ 1:53 - မြန်မာ့စံမီသမ္မာကျမ်း ဆာလောင်သောသူတို့ကို ကောင်းသောအရာများဖြင့်ပြည့်ဝစေ၍ ကြွယ်ဝသောသူတို့ကို လက်ချည်းသက်သက်ပြန်လွှတ်တော်မူ၏။ Common Language Bible ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။ Garrad Bible မွတ် သိပ် သူ တို့ ကို မြိန် ရှက် ဖွယ် နှင့် ဝ စေ၍ ကြွယ် ဝ သူ တို့ ကို လက် ချည်း လွှတ် ခြင်း ပြု တော် မူ ပြီ။ Judson Bible ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်း လွှတ်လိုက်တော်မူပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆာလောင်မွတ်သိပ်သောသူတို့ကို ကောင်းမွန်စွာကျွေးမွေး၍ ချမ်းသာကြွယ်ဝသောသူတို့ကို လက်ဗလာဖြင့် ပြန်လွှတ်တော်မူ၏။ မြန်မာ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်း လွှတ်လိုက်တော်မူပြီ။- |
နှိပ်စက်ခြင်းခံရသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍ ဆာလောင်မွတ်သိပ်သောသူတို့အား အစားအစာကိုပေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းခံရသောသူတို့ကို လွှတ်ပေးတော်မူ၏။
ခြင်္သေ့ပျိုတို့သည် အစာချို့တဲ့၍ ဆာလောင်မွတ်သိပ်တတ်ကြ၏။ ထာဝရဘုရားကိုရှာသောသူတို့မူကား ကောင်းသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့လိမ့်မည်မဟုတ်။
သူတို့အား သီးနှံဖြစ်ထွန်းသောဥယျာဉ်မြေကို ပေးမည်။ ထိုပြည်တွင် ငတ်မွတ်ခြင်းဘေးကြောင့် သေရတော့မည်မဟုတ်။ လူမျိုးခြားတို့၏အသရေဖျက်ခြင်းကိုလည်း ခံရတော့မည်မဟုတ်။
ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။
ကိုယ်တော်သည် ငါတို့ဘိုးဘေးများအားမိန့်တော်မူသည့်အတိုင်း အာဗြဟံမှစ၍ သူ၏အမျိုးအနွယ်အပေါ် ကာလအစဉ်အဆက်ထားရှိသောကရုဏာတော်ကိုအောက်မေ့၍ မိမိ၏အစေခံအစ္စရေးလူမျိုးကို ကူညီမစတော်မူပြီ”ဟု ဆို၏။
ယခုဆာလောင်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။
သို့သော် ချမ်းသာသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မိမိတို့ခံစားရမည့်နှစ်သိမ့်မှုကိုရရှိကြပြီဖြစ်၏။
ယေရှုကလည်း“ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာလောင်မည်မဟုတ်။ ငါ့ကိုယုံကြည်သောသူသည်လည်း မည်သည့်အခါမျှရေငတ်တော့မည်မဟုတ်။
ညီအစ်ကိုတို့၊ သင်တို့ခေါ်ယူတော်မူခြင်းခံရစဉ်ကအကြောင်းကို ဆင်ခြင်ကြလော့။ လူ့အမြင်အရ သင်တို့တွင် ပညာရှိများစွာမပါ။ အစွမ်းထက်သောသူများစွာမပါ။ မြင့်မြတ်သောသူများစွာမပါ။
သင်တို့သည် ပြည့်စုံနေကြပြီ။ သင်တို့သည် ကြွယ်ဝနေကြပြီ။ ငါတို့မပါဘဲ စိုးစံနေကြပြီ။ ငါတို့လည်း သင်တို့နှင့်အတူစိုးစံနိုင်ရန် သင်တို့သည် အမှန်တကယ်စိုးစံနေခဲ့ကြလျှင် ကောင်းပေမည်။
ကြွယ်ဝသောသူတို့သည် စားသောက်ရဖို့ သူရင်းငှား လုပ်ရလေပြီ။ ဆာလောင်မွတ်သိပ်သောသူတို့မူကား ဝလင်ကြပြီ။ မြုံသောမိန်းမသည် ခုနစ်ကြိမ်တိုင်အောင် သားဖွားခွင့်ရပြီ။ သားများစွာဖွားခဲ့သောမိန်းမမူကား အားယုတ်လေပြီ။