လုကာ 1:30 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်တမန်ကလည်း “မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ အကြောင်းမူကား သင်သည် ဘုရားသခင်ထံမှ ကျေးဇူးတော်ကိုခံစားရလေပြီ။ Common Language Bible ကောင်းကင်တမန်က ``မာရိ၊ မကြောက်နှင့်၊ သင်သည် ဘုရားသခင်ရှေ့တော်မှာမျက်နှာပွင့်လန်းပြီ။- Garrad Bible စေ တ မန် တော် က အို မာ ရိ၊ မ ကြောက် နှင့်။ သင် သည် ဘု ရား သ ခင့် ရှေ့ တော်၌ မျက် နှာ သာ ရ ပြီ။ Judson Bible ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်တမန်က “မာရိ… မကြောက်နှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။ မြန်မာ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။- |
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
“အို ပိုးကောင်ယာကုပ်၊ အို အစ္စရေးလူမျိုးတို့၊ မကြောက်နှင့်။ သင့်ကို ငါကူညီမစမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။
သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။
သို့သော် ယေရှုက“မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
ထိုအခါ ကောင်းကင်တမန်က အမျိုးသမီးတို့အား “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသောယေရှုကို ရှာနေကြသည်ကို ငါသိ၏။
ကောင်းကင်တမန်က “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူပြီ။ သင်၏ဇနီးအဲလစ်ဇဘက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ယောဟန်ဟုမှည့်ခေါ်ရမည်။
သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။
‘ပေါလု၊ မစိုးရိမ်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့သို့ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်နေသူအပေါင်းတို့ကိုလည်း သင့်အား ပေးအပ်တော်မူပြီ’ဟု မြွက်ဆိုခဲ့ပါသည်။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
ထို့ကြောင့် “ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောအရှင်ဖြစ်၍ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း”ဟု ငါတို့သည် ယုံကြည်စိတ်ချစွာပြောဆိုရကြ၏။