အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
လုကာ 1:18 - မြန်မာ့စံမီသမ္မာကျမ်း ဇာခရိကလည်း “အကျွန်ုပ်သည် အိုမင်းသူဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်နေပါသဖြင့် ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု ကောင်းကင်တမန်အား ပြန်ပြောလေ၏။ Common Language Bible ဇာခရိက ``ဤသို့ဖြစ်မည်ကိုအဘယ်သို့သိ နိုင်ပါမည်နည်း။ အကျွန်ုပ်သည်အိုမင်းသူဖြစ် ပါ၏။ အကျွန်ုပ်၏ဇနီးမှာလည်းအသက်ကြီး ရင့်ပါပြီ'' ဟုကောင်းကင်တမန်အားပြန် ပြော၏။ Garrad Bible ဇာ ခ ရိ က၊ အ ကျွန်ုပ် သည် လူ အို ဖြစ် ပါ သည်။ မ ယား လည်း အ သက် ကြီး ရင့် လှ ပြီ ဖြစ် လျက် ထို သို့ ဖြစ် မည် ကို မည် သို့ သိ ရ ပါ အံ့ နည်း ဟု မေး လျှောက် လျှင်၊ Judson Bible ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူအိုဖြစ်ပါ၏။ အကျွန်ုပ်မယားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဇာခရိကလည်း ကောင်းကင်တမန်အား “ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း။ အကျွန်ုပ်သည် အိုမင်းသောသူဖြစ်၍ အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်လှပြီ” ဟု ပြန်ပြောလေ၏။ မြန်မာ ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူအိုဖြစ်ပါ၏။ အကျွန်ုပ်မယားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊- |
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
ထို့ကြောင့် စာရာက “အိုမင်းပြီးမှ ငါ၌ သာယာပျော်ရွှင်မှုရှိလိမ့်မည်လော။ ငါ့သခင်သည်လည်း အသက်ကြီးပြီ”ဟု မိမိစိတ်ထဲ၌ ရယ်လျက်ဆိုလေ၏။
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
ဟေဇကိမင်းကြီးကလည်း “ထာဝရဘုရား၏အိမ်တော်သို့ အကျွန်ုပ်တက်သွားရမည့် နိမိတ်လက္ခဏာကား အဘယ်နည်း”ဟု မေးလေ၏။
မာရိကလည်း “ကျွန်မသည် ယောက်ျားနှင့်ဆက်ဆံခြင်းမရှိသည်ဖြစ်၍ ဤအမှုအရာသည် မည်သို့ဖြစ်လိမ့်မည်နည်း”ဟု ကောင်းကင်တမန်အား မေးလေ၏။
သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။
သူသည် အသက်တစ်ရာခန့်ရှိ၍ မိမိကိုယ်ခန္ဓာသည် သေသူကဲ့သို့ဖြစ်နေကြောင်းကိုလည်းကောင်း၊ စာရာ၏ဝမ်းသည် သေနေကြောင်းကိုလည်းကောင်း ဆင်ခြင်အောက်မေ့သော်လည်း ယုံကြည်ခြင်း၌ အားနည်းခြင်းမရှိ။