အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။
ရှောလမုန်သီချင်း။ 8:14 - မြန်မာ့စံမီသမ္မာကျမ်း “အို အကျွန်ုပ်ချစ်သူ၊ အမွှေးနံ့သာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် အပြေးလာပါလော့။” Common Language Bible ငါသည် ရှောက်ချိုပင်အောက်မှာ သင့်ကို နိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကို ပေးစားခဲ့ပြီ။ ထိုအရပ်၌ သင့်ကို ဘွားမြင်သောသူသည် သင့်ကို ပေးစားခဲ့ပြီ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။ Garrad Bible ကျွန် မ၏ ချစ် သူ အ လျင် အ မြန် လာ၍ နံ့ သာ တောင် ပေါ် မှာ၊ ပျို ရွယ် သော သ မင် ဒ ရယ် ကဲ့ သို့ ပြု တော် မူ ပါ။ Judson Bible အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုအကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။ |
အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။
အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။
အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။
နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ မုရန်တောင်နှင့် လော်ဗန်တောင်ကုန်းသို့ ငါသွားမည်။
ကိုယ်တော်က“မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံတော်အုပ်စိုးခွင့်ကိုခံယူပြီးပြန်လာရန် ဝေးလံသောတိုင်းပြည်သို့ ခရီးသွားလေ၏။
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားကောင်းချီးမင်္ဂလာပေးသည်နှင့်အညီ စားလိုသောတိရစ္ဆာန်ကိုသတ်၍ မြို့တိုင်း၌ စားခွင့်ရှိ၏။ ထိုအသားကို စင်ကြယ်သောသူရော မစင်ကြယ်သောသူပါ သမင်၊ ဒရယ်အသားကိုစားခွင့်ရှိသကဲ့သို့ စားနိုင်၏။
သို့ဖြစ်၍ ငါသည် ဤနှစ်ခုကြား၌ အကျပ်ရိုက်နေ၏။ ငါသည် ဤဘဝကိုစွန့်ခွာ၍ ခရစ်တော်နှင့်အတူရှိရန် ဆန္ဒရှိ၏။ ထိုသို့ဖြစ်လျှင် များစွာသာလွန်ကောင်းမွန်၏။
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။
ဤအကြောင်းအရာများကို သက်သေခံသောအရှင်က“မှန်ပေ၏။ ငါသည်အလျင်အမြန်လာမည်”ဟု မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု၊ ကြွလာတော်မူပါ။