တရားဟော 12:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားကောင်းချီးမင်္ဂလာပေးသည်နှင့်အညီ စားလိုသောတိရစ္ဆာန်ကိုသတ်၍ မြို့တိုင်း၌ စားခွင့်ရှိ၏။ ထိုအသားကို စင်ကြယ်သောသူရော မစင်ကြယ်သောသူပါ သမင်၊ ဒရယ်အသားကိုစားခွင့်ရှိသကဲ့သို့ စားနိုင်၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ``သို့ရာတွင်သင်တို့နေထိုင်ရာ မြို့ရွာများ၌ တိရစ္ဆာန်များကိုသတ်စားနိုင်သည်။ ထာဝရ ဘုရားသည်သင်တို့အားကြွယ်ဝချမ်းသာ စေတော်မူသမျှအတိုင်းသတ်စားနိုင်သည်။ သင်တို့အပေါင်းသည်သမင်ဒရယ်သား ကိုစားသုံးခွင့်ရှိသကဲ့သို့ ဘာသာရေးထုံး တမ်းအရစင်ကြယ်သူဖြစ်စေ၊ မစင်ကြယ် သူဖြစ်စေထိုတိရစ္ဆာန်၏အသားကိုစား သုံးခွင့်ရှိသည်။- အခန်းကိုကြည့်ပါ။Garrad Bible15 သို့ ရာ တွင်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ကောင်း ကြီး မင်္ဂ လာ အ လျောက် မြို့ ရွာ များ အ တွင်း အ မဲ ကို စီ ရင် လျက်၊ မ သန့် သူ၊ သန့် သူ တို့ ပါ သ မင် ဒ ရယ် သား ကို စား ရ သည့် နည်း တူ၊ ချင် ရဲ ပြေ အောင် စား ခွင့် ရှိ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible15 သို့ရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသည်အတိုင်း၊ သင်တို့နေရာအရပ်ရပ်၌ စားချင်သောအလိုသို့လိုက်၍ သတ်စားရသော အခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကိုစားသကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။ အခန်းကိုကြည့်ပါ။ |