ကိုယ်တော်ခေါ်တော်မူလျှင် အကျွန်ုပ်ထူးပါမည်။ ကိုယ်တော်သည် ဖန်ဆင်းတော်မူသောသူကို အောက်မေ့တော်မူမည်ဖြစ်ပါ၏။
ရှောလမုန်သီချင်း။ 7:10 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ချစ်သူသည် အကျွန်ုပ်ကိုပိုင်၍ အကျွန်ုပ်ကိုသာ လိုအပ်ပါ၏။ Common Language Bible ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော် မူပါ။ တောအရပ်သို့ ထွက်သွား၍ ရွာတို့၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့။ Garrad Bible ချစ် သူ သည် ကျွန် မ ပိုင် ဖြစ် သည် နှင့် အ ညီ၊ အ ရှင် သည် ကျွန် မ ကို နှစ် သက် တတ်၏။ Judson Bible ငါချစ်ရာသခင်သည် ငါ့ကို ဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော်မူတတ်၏။ |
ကိုယ်တော်ခေါ်တော်မူလျှင် အကျွန်ုပ်ထူးပါမည်။ ကိုယ်တော်သည် ဖန်ဆင်းတော်မူသောသူကို အောက်မေ့တော်မူမည်ဖြစ်ပါ၏။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူများနှင့် မိမိ၏မေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူများကို နှစ်သက်တော်မူ၏။
ရှင်ဘုရင်သည် သင်၏အလှကို လိုလားနှစ်သက်တော်မူလိမ့်မည်။ သူသည် သင်၏သခင်ဖြစ်သောကြောင့် သူ့ရှေ့၌ ပျပ်ဝပ်လော့။
“အကျွန်ုပ်ချစ်သူကို အကျွန်ုပ်ပိုင်ပါ၏။ အကျွန်ုပ်ကိုလည်း အကျွန်ုပ်ချစ်သူ ပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိ၏။
အကျွန်ုပ်ချစ်သူသည် အကျွန်ုပ်ကိုပိုင်ပါ၏။ အကျွန်ုပ်လည်း အကျွန်ုပ်ချစ်သူကိုပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိပါ၏။”
အကျွန်ုပ်ချစ်သူ၊ လာပါ။ ကျေးလက်များသို့ သွားကြစို့။ တောရွာများတွင် ညအိပ်နားကြစို့။
“အချင်းလူသား၊ သင်ချစ်မြတ်နိုးသောသူကို တစ်ခဏအတွင်း ငါရုပ်သိမ်းပစ်မည်။ သင်မငိုကြွေးမမြည်တမ်းနှင့်။ မျက်ရည်မကျနှင့်။
အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်ကိုပိုင်သတော်မူသည့် အကျွန်ုပ်ဝတ်ပြုသောဘုရားသခင်၏ကောင်းကင်တမန်သည် လွန်ခဲ့သောညက အကျွန်ုပ်အနီး၌ရပ်လျက်
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။