ကိုယ်တော်၏တရားစီရင်တော်မူချက်များကြောင့် ဇိအုန်တောင်သည် ဝမ်းမြောက်ပါစေ။ ယုဒသမီးပျိုတို့သည် ရွှင်လန်းကြပါစေ။
ရှောလမုန်သီချင်း။ 3:11 - မြန်မာ့စံမီသမ္မာကျမ်း အို ဇိအုန်သမီးပျိုတို့၊ ထိမ်းမြားပွဲနေ့၊ စိတ်နှလုံးရွှင်လန်းရာနေ့တွင် မယ်တော်ကိုယ်တိုင်ဆောင်းပေးသောသရဖူကို ဆောင်းထားသော ရှောလမုန်မင်းကြီးကို ထွက်ကြည့်ကြပါလော့။” Common Language BibleGarrad Bible အ ချင်း ဇိ အုန် သ တို့ သ မီး တို့၊ စု လျား ပတ်၍ လက် ထပ် သော နေ့၊ နှ လုံး တော် ကြည် ရွှင် သော နေ့၌၊ မယ် တော် တင် သည့် သ ရ ဖူ ကို၊ ဆင် ယင် တော် မူ သော ရှော လ မုန် မင်း အား၊ သွား၍ ဖူး မြော် ကြ လော့။ Judson Bible ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင်သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင်သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန်မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ |
ကိုယ်တော်၏တရားစီရင်တော်မူချက်များကြောင့် ဇိအုန်တောင်သည် ဝမ်းမြောက်ပါစေ။ ယုဒသမီးပျိုတို့သည် ရွှင်လန်းကြပါစေ။
ထိုအခါ အကျွန်ုပ်သည် ဇိအုန်သမီး၏တံခါးဝတို့၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ပြောကြား၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းနိုင်ပါမည်။
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။
အကျွန်ုပ်ချစ်သူ၊ လာပါ။ ကျေးလက်များသို့ သွားကြစို့။ တောရွာများတွင် ညအိပ်နားကြစို့။
“ကိုယ့်ချစ်သူကိုမှီ၍ တောကန္တာရမှလာသောသူကား မည်သူနည်း။” “ပန်းသီးပင်အောက်တွင် အရှင့်ကို အကျွန်ုပ်နှိုးခဲ့ပြီ။ ထိုအရပ်တွင် အရှင့်မိခင်သည် အရှင့်ကိုသန္ဓေတည်ခဲ့ပါ၏။ အရှင့်ကို သန္ဓေလွယ်၍ ဖွားမြင်ခဲ့ပါ၏။
ဘုရားရှင်သည် တရားစီရင်ခြင်းဝိညာဉ်၊ လောင်ကျွမ်းခြင်းဝိညာဉ်တို့ဖြင့် ဇိအုန်သမီးတို့၏အညစ်အကြေးကိုဆေးကြော၍ ဂျေရုဆလင်မြို့ထဲမှ သွေးတို့ကို သန့်စင်စေတော်မူမည်။
သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
လူပျိုသည် အပျိုကညာနှင့်လက်ထပ်သကဲ့သို့ သင်၏သားတို့သည် သင်နှင့်လက်ထပ်လိမ့်မည်။ သတို့သားသည် သတို့သမီးကြောင့် ဝမ်းမြောက်ပျော်ရွှင်ရသကဲ့သို့ သင်၏ဘုရားသခင်သည် သင့်ကြောင့် ဝမ်းမြောက်ပျော်ရွှင်တော်မူလိမ့်မည်။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
“ဂျေရုဆလင်မြို့ကြားသိအောင်သွား၍ဟစ်အော်လော့။ ထာဝရဘုရားမိန့်တော်မူသည်မှာ ‘သင်ငယ်ရွယ်စဉ်က ငါ့အပေါ်မေတ္တာထားခဲ့သည်ကိုလည်းကောင်း၊ သတို့သမီးအချစ်နှင့် ချစ်ခဲ့သည်ကိုလည်းကောင်း၊ မြေရိုင်းမြေကောတောကန္တာရ၌ ငါ့နောက်လိုက်ခဲ့သည်ကိုလည်းကောင်း ငါအောက်မေ့၏။
သူတို့ကို ကောင်းစားစေရာ၌ ငါနှစ်သက်အားရမည်။ ငါသည် စိတ်စေတနာအပြည့်အဝ၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် သူတို့ကို ဤပြည်ထဲ၌ အခိုင်အမာနေရာချထားမည်’ဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်တွင်ရှိ၍ အားကြီးသောအရှင်သည် သင့်ကို ကယ်တင်လိမ့်မည်။ ကိုယ်တော်သည် သင်နှင့်အတူ ဝမ်းမြောက်ရွှင်လန်းလိမ့်မည်။ ချစ်သောစိတ်ဖြင့် ငြိမ်ဝပ်စွာနေလိမ့်မည်။ သင်နှင့်အတူ ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်”ဟု ဆိုလိမ့်မည်။
ရွှေငွေတို့ကိုယူ၍ သရဖူပြုလုပ်ပြီး ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏ခေါင်းပေါ်တွင် ဆောင်းပေးလော့။
တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကို နားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက် ကြီးမြတ်သောသူရှိ၏။
သို့သော် သင်၏ညီသည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်ပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရသည်ဖြစ်၍ ယခုဝမ်းမြောက်ပျော်ရွှင်သင့်၏’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
သင်တို့၌ ငါ၏ဝမ်းမြောက်ခြင်းတည်နေ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်ဝစုံလင်မည့်အကြောင်း ဤအရာများကို သင်တို့အား ငါပြော၏။
သတို့သမီးကိုရသောသူသည် သတို့သားဖြစ်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သို့ဖြစ်၍ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။
ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့၌ အထွတ်အထိပ်ဖြစ်မည့်အကြောင်း အစအဦးဖြစ်တော်မူပြီး သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူဖြစ်တော်မူ၏။
သို့ဖြစ်၍ ငါတို့သည် ကိုယ်တော်ခံခဲ့သောကဲ့ရဲ့ပြစ်တင်ခြင်းကိုဆောင်ယူပြီး စခန်းအပြင်သို့ထွက်၍ ကိုယ်တော်ထံသို့ သွားကြကုန်စို့။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် သေခြင်းကိုမြည်းစမ်းစေရန် ကောင်းကင်တမန်တို့ထက် ခေတ္တခဏ နိမ့်ကျစေခြင်းကိုခံရ၍ သေခြင်းနှင့်ဆိုင်သောဒုက္ခဝေဒနာကိုခံစားရသောကြောင့် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သရဖူဆောင်းရသည့်ယေရှုကို ငါတို့မြင်ရကြ၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
သူ၏မျက်စိတို့သည် မီးလျှံကဲ့သို့ဖြစ်ပြီး သူ၏ဦးခေါင်းပေါ်၌ သရဖူများကိုဆောင်းထား၏။ သူ၌ရေးထားသောနာမတစ်ခုရှိ၍ ၎င်းကို သူကိုယ်တိုင်မှတစ်ပါး မည်သူမျှမသိ။
ငါတို့သည် ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြကုန်စို့။ အဘယ်ကြောင့်ဆိုသော် သိုးသငယ်တော်၏မင်္ဂလာဆောင်ပွဲအချိန်ကျရောက်လာ၍ သူ၏သတို့သမီးသည် မိမိကိုယ်ကိုပြင်ဆင်လေပြီ။