နဿလိသည် ချစ်ဖွယ်သောသမင်ပေါက်များကိုပေါက်ဖွားသည့် အချုပ်အနှောင်ကင်းသောသမင်မဖြစ်၏။
ရှောလမုန်သီချင်း။ 2:7 - မြန်မာ့စံမီသမ္မာကျမ်း အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။ Common Language Bible ငါချစ်ရာသခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ၏။ Garrad Bible အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ချစ် ခြင်း မေ တ္တာ အ လို အ လျောက် မ ဖြစ် ပွား မီ၊ မ ထ ကြွ မ နှိုး ဆော် စေ ခြင်း ငှာ၊ တော ရှိ သ မင် ဒ ရယ် မ တို့ ကို တိုင် တည်၍ ကျွန် မ တောင်း ပန် ပါ ၏။ Judson Bible ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီးသည် အလိုလို မနိုးမီတိုင်အောင်၊ မလှုပ်မနှိုးမည်အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကိုတိုင်တည်၍ သင်တို့ကို ငါမှာထား၏။ |
နဿလိသည် ချစ်ဖွယ်သောသမင်ပေါက်များကိုပေါက်ဖွားသည့် အချုပ်အနှောင်ကင်းသောသမင်မဖြစ်၏။
ငါ၏ခြေကို သမင်တို့၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်သောနေရာတို့၌ ငါ့ကိုရပ်စေတော်မူ၏။
သူသည် ချစ်ဖွယ်ကောင်းသောသမင်မ၊ တင့်တယ်သောဒရယ်မကဲ့သို့ဖြစ်၏။ သူ၏သားမြတ်သည် သင့်ကိုအစဉ်အမြဲ ကျေနပ်အားရစေ၍ သူ၏အချစ်၌ သင်သည် အစဉ်မပြတ်ယစ်မူးပါစေ။
ဒရယ်သည် အမဲလိုက်သူလက်မှလည်းကောင်း၊ ငှက်သည် ငှက်မုဆိုးလက်မှလည်းကောင်း လွတ်မြောက်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လွတ်မြောက်အောင်ပြုလော့။
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။
အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။
အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။”
နှုတ်ချို၍ သူ့တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်ဖြစ်၏။ အို ဂျေရုဆလင်သမီးပျိုတို့၊ ဤသူကား အကျွန်ုပ်၏ချစ်သူ၊ ဤသူသည် အကျွန်ုပ်မိတ်ဆွေ ဖြစ်၏။”
“အို အကျွန်ုပ်ချစ်သူ၊ အမွှေးနံ့သာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် အပြေးလာပါလော့။”
အို ဂျေရုဆလင်သမီးပျို၊ အကျွန်ုပ်အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကိုမနှိုးပါ၊ မထစေပါဟု ကျိန်ဆိုပါလော့။”
ဘုရားရှင်ထာဝရဘုရားသည် ငါ့ခွန်အား ဖြစ်တော်မူ၏။ ငါ၏ခြေတို့ကို သမင်၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်မြတ်ကောင်းမွန်သောနေရာတို့၌ ငါ့ကို သွားလာစေတော်မူ၏။ (ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာသံစဉ်)။
သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။