ကိုယ်တော်ကလည်း “သုံးနှစ်သားနွားမတမ်းတစ်ကောင်၊ သုံးနှစ်သားဆိတ်မတစ်ကောင်၊ သုံးနှစ်သားသိုးထီးတစ်ကောင်၊ ချိုးငှက်တစ်ကောင်နှင့် ခိုငယ်တစ်ကောင်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု မိန့်တော်မူ၏။
ရှောလမုန်သီချင်း။ 2:12 - မြန်မာ့စံမီသမ္မာကျမ်း မြေပေါ်မှာ ပန်းများ ပွင့်လေပြီ။ တေးသီချင်းသီဆိုချိန်ရောက်ပြီ။ ငါတို့ပြည်တွင် ချိုးကူသံလည်းကြားရပြီ။ Common Language Bible သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက်မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။ Garrad Bible မြေ ပေါ် မှာ ပန်း များ ပွင့်၍၊ ကြွေး ကြော် ချိန် ရောက် လေ ပြီ။ နေ ပြည်၌ ချိုး ငှက် တို့ တွန် ကူ သံ ကို လည်း ကြား ရ ၏။ Judson Bible မြေကြီးပေါ်မှာ ပန်းများပွင့်ကြပြီ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ။ ငါတို့မြေ၌ ချိုးငှက် တွန်သံကိုလည်း ကြားရ၏။ |
ကိုယ်တော်ကလည်း “သုံးနှစ်သားနွားမတမ်းတစ်ကောင်၊ သုံးနှစ်သားဆိတ်မတစ်ကောင်၊ သုံးနှစ်သားသိုးထီးတစ်ကောင်၊ ချိုးငှက်တစ်ကောင်နှင့် ခိုငယ်တစ်ကောင်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု မိန့်တော်မူ၏။
ကိုယ်တော့်ချိုးငှက်၏အသက်ကို သားရဲတိရစ္ဆာန်အား ပေးတော်မမူပါနှင့်။ ကိုယ်တော်၏အဖိနှိပ်ခံရသောလူတို့၏အသက်ကို အစဉ်မေ့လျော့တော်မမူပါနှင့်။
အို ထာဝရဘုရား၊ ဝမ်းမြောက်စွာကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် ကိုယ်တော်၏မျက်နှာတော်အလင်းထဲ၌ သွားလာကြပါ၏။
“ချိုင့်ဝှမ်းလွင်ပြင်ရှိအပင်ငယ်တို့ကို ကြည့်ရှုရန်နှင့် စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ သလဲပင် ပွင့်မပွင့် တွေ့မြင်ဖို့ရန် သစ်သီးခြံသို့ အကျွန်ုပ်ဆင်းသွား၏။
“အကျွန်ုပ်ချစ်သူသည် ဥယျာဉ်ထဲတွင် သိုးထိန်းရင်း နှင်းပန်းများကိုခူးဆွတ်ဖို့ရန် မွှေးကြိုင်သောအိပ်ရာရှိရာ သူ၏ဥယျာဉ်သို့ ဆင်းသွားပါ၏။
သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။
“မိုးကောင်းကင်၌ပျံဝဲသောငှက်ကျားပင်လျှင် ရာသီအချိန်ကိုသိ၏။ ချိုးငှက်၊ ကြိုးကြာ၊ ပျံလွှားတို့သည်လည်း သွားလာရမည့်အချိန်ကို မှတ်တတ်ကြ၏။ ငါ့လူမျိုးတော်မူကား ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်ကို မသိကြ။
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။