ငါ့စိတ်နှလုံးသည် ကောင်းမြတ်သောစကားနှင့် ပြည့်လျှံလျက်ရှိ၏။ ရှင်ဘုရင်အတွက် ငါစီကုံးသောအရာများကို ငါရွတ်ဆိုမည်။ ငါ့လျှာသည် ကျွမ်းကျင်သောစာရေးဆရာ၏ ကလောင်တံကဲ့သို့ဖြစ်၏။
ရှောလမုန်သီချင်း။ 1:12 - မြန်မာ့စံမီသမ္မာကျမ်း “ရှင်ဘုရင်သည် စားပွဲဝိုင်း၌ထိုင်စဉ် အကျွန်ုပ်၏နာဒုဆီမွှေးရနံ့သည် ပျံ့လွင့်မွှေးကြိုင်လျက် ရှိပါ၏။ Common Language Bible ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။ Garrad Bible အ ရှင် မင်း ပွဲ တော် တည် နေ စဉ်၊ ကျွန် မ ထုံ သော နာ ဒု ဆီ မွှေး သည် ပျံ့ နှံ့ လေ ၏။ Judson Bible အရှင်မင်းကြီးသည် စားပွဲတော်နားမှာထိုင်နေစဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။ |
ငါ့စိတ်နှလုံးသည် ကောင်းမြတ်သောစကားနှင့် ပြည့်လျှံလျက်ရှိ၏။ ရှင်ဘုရင်အတွက် ငါစီကုံးသောအရာများကို ငါရွတ်ဆိုမည်။ ငါ့လျှာသည် ကျွမ်းကျင်သောစာရေးဆရာ၏ ကလောင်တံကဲ့သို့ဖြစ်၏။
“သင့်အဖို့ ငွေပုတီးလုံးစီချယ်ထားသော ရွှေတန်ဆာများကို ငါတို့ပြုလုပ်ပေးမည်။”
သင့်ဦးခေါင်းသည် ကရမေလတောင်နှင့်တူပြီး ဦးခေါင်းရှိဆံနွယ်များသည် ပိတုန်းရောင်သန်းလျက်ရှိပါ၏။ ထိုဆံနွယ်စုများသည် ရှင်ဘုရင်ကို ရစ်ပတ်နှောင်တွယ်ထားလေပြီ။
ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံမဝတ်ထားသောလူတစ်ယောက်ကို မြင်လျှင်
တစ်ဖန် သူသည် အခြားသောအစေအပါးတို့အား ‘ငါ၏ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ ငါ၏နွားလားနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ်ပြီးပြီ။ အားလုံးအဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဆောင်ပွဲသို့ ကြွကြပါဟု ဖိတ်ခေါ်ထားသောသူတို့ကို ပြောကြလော့’ဟူ၍ မှာကြားလျက် စေလွှတ်လေ၏။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
ယေရှုသည် ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်ထဲ၌ထိုင်၍ စားသောက်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်ထည့်ထားသည့် ကျောက်ဖြူဘူးကိုယူဆောင်လာ၍ ထိုကျောက်ဖြူဘူးကိုခွဲပြီးလျှင် ကိုယ်တော်၏ခေါင်းပေါ်၌ ဆီမွှေးကို သွန်းလောင်းလေ၏။
ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်နှစ်ဆယ်သားကိုယူ၍ ယေရှု၏ခြေတော်ကိုလိမ်းပြီးလျှင် မိမိဆံပင်နှင့် ခြေတော်ကိုသုတ်လေ၏။ ထိုဆီမွှေး၏ရနံ့သည်လည်း တစ်အိမ်လုံးပျံ့နှံ့သွား၏။
ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။