Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 1:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အကျွန်ုပ်​ချစ်သူ​သည် အကျွန်ုပ်​၏​ရင်သား​ကြား​၌ တစ်ညလုံး​ရှိ​နေ​သော မုရန်​အိတ်ငယ်​နှင့် တူ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ် သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ကျွန် မ၏ ချစ် သူ သည်၊ ရင် သား ကြား ၌ ထား သော မု ရန် ခဲ နှင့် တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​ချစ်​ရာ​သ​ခင်​သည် ငါ၌ မု​ရန်​နံ့​သာ​ပုံ​ဖြစ်၍၊ ငါ့​ရင်​အုံ​ကြား​မှာ တစ်​ည​လုံး အိပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 1:13
14 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူ​တို့​၏​ဖခင်​အစ္စရေး​က သူ​တို့​အား “​သို့ဖြစ်လျှင် ဤသို့​ပြု​ကြ​လော့​။ လိမ်းဆေး​အနည်းငယ်​၊ ပျားရည်​အနည်းငယ်​၊ နံ့သာမျိုး​၊ မုရန်စေး​၊ အခွံမာသီး​၊ ဗာဒံသီး စသည့် ဤ​ပြည်​မှ​ထွက်​သော အကောင်းဆုံးအရာ​တို့​ကို သင်​တို့​အိတ်​များ​၌​ထည့်​၍ ထို​သူ​အဖို့​လက်ဆောင်​အဖြစ်​ယူသွား​ကြ​လော့​။


ကိုယ်တော်​၏​အဝတ်​ရှိသမျှ​တို့​သည် မုရန်​၊ သစ်မွှေး​၊ သစ်ကြံပိုး​တို့​ဖြင့် မွှေးကြိုင်​လျက်​ရှိ​ပါ​၏​။ ဆင်စွယ်​နန်းတော်​များ​မှ ကြိုးတပ်​တူရိယာ​တို့​သည် ကိုယ်တော်​ကို​ဝမ်းမြောက်​စေ​ပါ​၏​။


အို ဂျေရုဆလင်​သမီးပျို​တို့​၊ တော​၌​ကျင်လည်​သော​ဒရယ်မလေး​များ​၊ သမင်မလေး​များ​ကို တိုင်တည်ကျိန်ဆို​ပါ​လော့​။ ငါ့​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို မ​နှိုး​ပါ​နှင့်​။ မ​ထ​စေ​ပါ​နှင့်​။


အို ဂျေရုဆလင်​သမီးပျို​တို့​၊ တော​၌​ကျင်လည်​သော​ဒရယ်မလေး​များ​၊ သမင်မလေး​များ​ကို တိုင်တည်ကျိန်ဆို​ပါ​လော့​။ ငါ့​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို မ​နှိုး​ပါ​နှင့်​။ မ​ထ​စေ​ပါ​နှင့်​။​”


“​မုရန်​၊ လော်ဗန်​တို့​မှစ၍ ကုန်သည်​တို့​၏​နံ့သာမှုန့်​အမျိုးမျိုး​တို့​ရနံ့​နှင့် သင်းထုံ​နေ​သော​မီးခိုးလုံး​ကဲ့သို့ တောကန္တာရ​မှ​တက်လာ​သော​သူ​ကား မည်သူ​နည်း​။


နာဒု​နှင့်​ကုံကုမံ​၊ ခါနဲ​နှင့်​သစ်ကြံပိုး စသည့်​အမွှေးနံ့သာ​ပင်​အပေါင်း​တို့​ပေါက်​ရာ​တော​၊ မုရန်​၊ သစ်မွှေး​နှင့် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်​ပင်​အပေါင်း​တို့​ပေါက်​ရာ​တော ဖြစ်​၏​။


“အို မြောက်​လေ​၊ နိုး​ပါ​။ အို တောင်​လေ​၊ လာ​ပါ​။ အကျွန်ုပ်​ဥယျာဉ်​တွင် တိုက်ခတ်​ပါ​။ သို့မှ အရှင့်​ထံမှ​အမွှေးနံ့သာ​တို့ ပျံ့သွား​မည်​။ အကျွန်ုပ်​ချစ်သူ​သည် မိမိ​ဥယျာဉ်​ထဲသို့ လာ​ပါစေ​။ အကောင်းဆုံး​အသီး​ကို စား​ပါစေ​။”


နေ့မကျိုးမီ​၊ အရိပ်​တို့​မ​ကွယ်ပျောက်​မီ မုရန်​တောင်​နှင့် လော်ဗန်​တောင်ကုန်း​သို့ ငါ​သွား​မည်​။


“အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ ငါ့​ဥယျာဉ်​ထဲသို့ ငါ​လာ​ပြီ​။ မုရန်​နှင့် အမွှေးနံ့သာ​တို့​ကို ငါ​စုသိမ်း​ပြီ​။ ပျားလပို့​မှ​ပျားရည်​တို့​ကို ငါ​စား​ပြီ​။ စပျစ်ဝိုင်​နှင့် နို့​ကို​လည်း ငါ​သောက်​ရ​ပြီ​။” “အို မိတ်ဆွေ​တို့​၊ စား​ကြ​ပါ​။ အို ချစ်သူ​တို့​၊ သောက်​၍ ယစ်မူး​ကြ​ပါ​။”


သူ့​ပါးပြင်​တို့​သည် မွှေးကြိုင်​သော​အိပ်ရာ​၊ အမွှေးနံ့သာ​ထုံသင်း​သော​ရဲတိုက်​နှင့်​တူ​၏​။ သူ့​နှုတ်ခမ်း​သည်​လည်း မုရန်​ဆီ​ယို​စီး​သော နှင်းပန်း​နှင့်​တူ​၏​။


အကျွန်ုပ်​ချစ်သူ​ကို တံခါး​ဖွင့်​ပေး​ဖို့ ထ​လိုက်​သောအခါ အကျွန်ုပ်​လက်​ကြား​မှ မုရန်​ဆီ​တို့​ယို​၍ လက်ချောင်း​များ​ကြား​မှ တံခါးလက်ကိုင်​ပေါ်သို့ စီးကျ​လာ​ပါ​၏​။


ယခင်​က ယေရှု​ထံသို့ ည​အချိန်​လာ​ဖူး​သော နိကောဒင်​သည်​လည်း မုရန်​နှင့်​အကျော်​ရောနှော​ထား​သော​နံ့သာ ပိဿာ​နှစ်ဆယ်​ခန့်​ကို ယူဆောင်​၍​လာ​လေ​၏။


ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ