‘ငါတို့တွင် အဖအာဗြဟံရှိသည်’ဟူ၍ သင်တို့စိတ်ထဲ၌ပြောဆိုရန်ပင် မစဉ်းစားကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက်သားသမီးများကို ဤကျောက်ခဲတို့ထဲမှ ပေါ်ထွန်းစေနိုင်သည်။
ရှင်ယောဟန် 8:39 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း“သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။ Common Language Bible ထိုသူတို့က ``အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်ပါ၏'' ဟုဆိုကြ၏။ သခင်ယေရှုက ``သင်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါမူ အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်။- Garrad Bible အကျွန်ုပ်တို့အဘကား အာဗြဟံတည်းဟုထိုသူတို့ပြန်ဆိုကြသည့်ကာလ ယေရှုက အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်အလိုက် ပြုမူကြလေပြီ။ Judson Bible ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏ဟု ဆိုကြ၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့ကလည်း “အကျွန်ုပ်တို့၏ ဖခင်သည် အာဗြဟံဖြစ်သည်” ဟု ပြန်၍လျှောက်ကြ၏။ ယေရှုက “သင်တို့သည် အာဗြဟံ၏သားသမီးများ ဖြစ်ကြလျှင် အာဗြဟံ၏ ပြုသကဲ့သို့ ပြုကြလိမ့်မည်။ မြန်မာ ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏ဟု ဆိုကြ၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။- |
‘ငါတို့တွင် အဖအာဗြဟံရှိသည်’ဟူ၍ သင်တို့စိတ်ထဲ၌ပြောဆိုရန်ပင် မစဉ်းစားကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက်သားသမီးများကို ဤကျောက်ခဲတို့ထဲမှ ပေါ်ထွန်းစေနိုင်သည်။
သို့မှသာ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် မကောင်းသောသူများနှင့်ကောင်းသောသူများအပေါ် မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သောသူများနှင့်မဖြောင့်မတ်သောသူများအပေါ် မိုးရွာစေတော်မူ၏။
သူတို့ကလည်း “အကျွန်ုပ်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြပြီး မည်သူ့ထံ၌မျှကျွန် မခံခဲ့ဖူးပါ။ သင်သည် အဘယ်ကြောင့်‘သင်တို့လွတ်မြောက်ကြလိမ့်မည်’ဟု ဆိုရသနည်း”ဟူ၍ပြန်ပြောကြ၏။
သင်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို ငါသိ၏။ သို့ရာတွင် ငါ၏တရားစကားသည် သင်တို့ထဲ၌နေရာမရသောကြောင့် သင်တို့သည် ငါ့ကိုသတ်ရန် ရှာကြံနေကြ၏။
သင်တို့သည် ငါပြောဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ၏တရားစကားကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
သင်တို့အဖအာဗြဟံသည် ငါ၏နေ့ရက်ကိုတွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးလျက် တွေ့မြင်ရသောအခါ ဝမ်းမြောက်လေ၏”ဟု မိန့်တော်မူ၏။
ထို့ပြင် အာဗြဟံအား အရေဖျားလှီးထားသောသူတို့၏အဖဖြစ်စေရန်နှင့် အရေဖျားလှီးထားသောသူသာမကဘဲ အရေဖျားမလှီးမီကပင် ငါတို့အဖအာဗြဟံ၌ရှိသော ယုံကြည်ခြင်းခြေရာကို လိုက်လျှောက်သောသူတို့၏အဖလည်း ဖြစ်စေရန်အတွက်ဖြစ်၏။
ထို့ကြောင့် ကတိတော်သည် ယုံကြည်ခြင်းနှင့်ဆိုင်၏။ ဤသည်ကား ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့်ဖြစ်စေ၍ ပညတ်တရားနှင့်ဆိုင်သောအမျိုးအနွယ်အတွက်သာမကဘဲ အာဗြဟံ၏ယုံကြည်ခြင်းနှင့်ဆိုင်သည့်အမျိုးအနွယ်အပါအဝင် အမျိုးအနွယ်ရှိသမျှတို့အတွက် တည်မြဲစေရန်ဖြစ်၏။
အာဗြဟံ၏အမျိုးအနွယ်ဖြစ်သောကြောင့် အားလုံးသည် သားသမီးများဖြစ်ကြသည်မဟုတ်။ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု အမိန့်တော်ရှိ၏။
သင်တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်အရ အမွေခံများဖြစ်ကြ၏။
သို့ဖြစ်၍ ယုံကြည်ခြင်းရှိသောသူတို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်ကို သိမှတ်ကြလော့။