အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို သမာသမတ်ရှိခြင်းဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
ရှင်ယောဟန် 8:16 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါစီရင်မည်ဆိုလျှင်လည်း ငါတစ်ဦးတည်းစီရင်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် ငါနှင့်အတူစီရင်တော်မူသည်ဖြစ်၍ ငါ၏စီရင်ဆုံးဖြတ်ချက်သည် မှန်ကန်၏။ Common Language Bible အကယ်၍ငါစစ်ဆေးစီရင်မည်ဆိုပါက ငါတစ်ဦးတည်းစစ်ဆေးစီရင်ခြင်းမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် ငါနှင့်အတူရှိသောကြောင့်ငါ၏စီရင်ချက် သည်မှန်ကန်၏။- Garrad Bible အကယ်၍စီရင်ဆုံးဖြတ်လျှင်၊ ငါတစ်ပါးတည်းမက စေလွှတ်တော်မူလိုက်သောခမည်းတော်လည်း တည်နေတော်မူသောကြောင့် ငါစီရင်ဆုံးဖြတ်ချက်မှန်ကန်၏။ Judson Bible ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တစ်ယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါစီရင်လျှင်လည်း ငါတစ်ဦးတည်း စီရင်ခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်နှင့်အတူ စီရင်ခြင်းဖြစ်၏။ ထို့ကြောင့် ငါ၏ စီရင်ချက်သည် မှန်ကန်၏။ မြန်မာ ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တစ်ယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။- |
အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို သမာသမတ်ရှိခြင်းဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
တန်ခိုးကြီးသောရှင်ဘုရင်သည် တရားမျှတခြင်းကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် သမာသမတ်ရှိခြင်းကို တည်မြဲစေတော်မူ၏။ ယာကုပ်အမျိုးထဲတွင် တရားမျှတခြင်းနှင့်ဖြောင့်မတ်ခြင်းကို စီရင်တော်မူ၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ကြည့်ရှုလော့။ သင်တို့သည် တစ်ကွဲတစ်ပြားစီဖြစ်လျက် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြကာ ငါ့ကို တစ်ကိုယ်တည်းပစ်ထားမည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ သို့ရာတွင် ခမည်းတော်သည် ငါနှင့်အတူရှိတော်မူသောကြောင့် ငါသည် တစ်ကိုယ်တည်းမဟုတ်။
ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိ၍ ငါသည် ထိုအရှင်နှစ်သက်တော်မူသောအမှုအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့ကို တစ်ကိုယ်တည်းပစ်ထားတော်မမူ”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်သည် မိမိခန့်အပ်ထားသောအရှင်အားဖြင့် ကမ္ဘာလောကအား ဖြောင့်မတ်စွာတရားစီရင်မည့်နေ့ရက်ကို သတ်မှတ်ထားတော်မူပြီး ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူခြင်းအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောအထောက်အထားကိုပေးတော်မူ၏”ဟု ဆိုလေ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။