အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
ရှင်ယောဟန် 7:17 - မြန်မာ့စံမီသမ္မာကျမ်း မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။ Common Language Bible ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။- Garrad Bible မည်သူမဆို ထိုအရှင့်အလိုတော်ကိုဆောင်ရွက်လိုလျှင် ဒေသနာတော်မှာ ဘုရားသခင့်အထံတော်မှ ဖြစ်သည်။ အလိုအလျောက်ငါဟောပြောသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။ Judson Bible ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာလိုသောသူဖြစ်လျှင် ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်သလော၊ ငါ့ကိုယ်ပိုင်သွန်သင်ချက်ဖြစ်သလောဟူသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။ မြန်မာ ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။- |
အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် မည်သူနည်း။ ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့်လမ်းကို သူ့အားသွန်သင်ပြသတော်မူလိမ့်မည်။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
မကောင်းမှုပြုသောသူတို့သည် တရားမျှတမှုကိုနားမလည်ကြ။ ထာဝရဘုရားကိုရှာသောသူတို့မူကား အပြည့်အဝနားလည်ကြ၏။
အကြောင်းမူကား သွေဖည်လွဲမှားသောသူတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့နှင့်ကား ရင်းနှီးကျွမ်းဝင်တော်မူ၏။
ထိုအရပ်၌ လမ်းမကြီးတစ်လမ်းရှိ၏။ ထိုလမ်းကို သန့်ရှင်းသောလမ်းဟု ခေါ်ဝေါ်ကြလိမ့်မည်။ ထိုလမ်း၌ မစင်ကြယ်သောသူ သွားလာရမည်မဟုတ်။ ထိုလမ်းသည် ထိုလမ်းပေါ် လျှောက်မည့်သူတို့အတွက်သာဖြစ်၏။ ဆိုးမိုက်ခဲ့သောသူတို့ပင် ထိုလမ်းပေါ်ရောက်လျှင် လမ်းလွဲကြတော့မည်မဟုတ်။
လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ ထို့ကြောင့် သင်၏မျက်စိကောင်းလျှင် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးတောက်ပနေလိမ့်မည်။
ကောင်းသောမြေ၌ကျသည်ဆိုသည်မှာ ကြည်လင်ကောင်းမြတ်သောစိတ်နှလုံးဖြင့် တရားစကားကိုကြား၍ ၎င်းကိုစွဲကိုင်ထားကာ သည်းခံသောအားဖြင့် အသီးသီးသောသူတို့ကိုဆိုလို၏။
သမ္မာတရားကိုကျင့်သုံးသောသူမူကား မိမိပြုသောအမှုများသည် ဘုရားသခင်အားဖြင့်ပြုခြင်းဖြစ်ကြောင်း ထင်ရှားစေရန် အလင်းထံသို့ချဉ်းကပ်၏”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့သည် ငါပြောဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ၏တရားစကားကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်တို့ကိုနားထောင်၏။ သင်တို့နားမထောင်ကြခြင်းမှာ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်ကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်၊ မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။