မြင်းများ၊ လားများအတွက် မုယောစပါးများ၊ ကောက်ရိုးများကိုလည်း လိုအပ်သည့်နေရာသို့ ခွဲတမ်းအလိုက် ပို့ပေးရ၏။
ရှင်ယောဟန် 6:9 - မြန်မာ့စံမီသမ္မာကျမ်း “ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။ Common Language Bible ``ဤမှာသူငယ်တစ်ယောက်ရှိပါ၏။ သူ့ထံ တွင်မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိ ပါ၏။ သို့ရာတွင်ဤမျှကြီးမားသောလူ ပရိသတ်အား ထိုမုန့်နှင့်ငါးကိုအဘယ် သို့လျှင်လောက်ငအောင်ကျွေးနိုင်ပါမည် နည်း'' ဟုလျှောက်၏။ Garrad Bible ဤတွင်မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသောသူငယ်တစ်ယောက်ရှိပါသည်။ သို့ရာတွင် ဤမျှလောက်များသောသူတို့အဖို့ မည်သို့ပါနည်းဟုလျှောက်သော်၊ Judson Bible မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း “မုယောမုန့် ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ယူလာသည့် ကလေးငယ်တစ်ဦးရှိပါ၏။ သို့သော်လည်း ဤလူအုပ်ကြီးအတွက် ထိုမုန့်နှင့်ငါးသည် မည်သို့လုံလောက်ပါမည်နည်း” ဟု လျှောက်လေ၏။ မြန်မာ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။- |
မြင်းများ၊ လားများအတွက် မုယောစပါးများ၊ ကောက်ရိုးများကိုလည်း လိုအပ်သည့်နေရာသို့ ခွဲတမ်းအလိုက် ပို့ပေးရ၏။
ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားက ‘မနက်ဖြန် ဤသို့သောအချိန်တွင် ရှမာရိမြို့တံခါး၌ မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူတို့အား ဆို၏။
ကိုယ်တော်သည် သင်၏နယ်နိမိတ်ထဲ၌ ငြိမ်းချမ်းမှုရှိစေ၍ အကောင်းဆုံးသောဂျုံဆန်ဖြင့် သင့်ကိုဝပြောစေတော်မူ၏။
သူတို့သည် ဘုရားသခင်ကိုအကြိမ်ကြိမ်စမ်းသပ်လျက် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏စိတ်တော်ကို ဆွကြ၏။
အစ္စရေးလူမျိုးကိုကား အကောင်းဆုံးသောဂျုံဆန်ဖြင့် ကိုယ်တော်ကျွေးမွေးတော်မူလိမ့်မည်။ “ငါသည် ကျောက်ဆောင်မှထွက်သောပျားရည်ဖြင့် သင့်ကိုဝပြောစေမည်။”
ယုဒပြည်၊ အစ္စရေးပြည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်စည်တို့ကို မိန္နိတ်မြို့မှထွက်သော ဂျုံ၊ မုန့်၊ ပျားရည်၊ ဆီ၊ လိမ်းဆေး စသည်တို့နှင့် လဲလှယ်ကြ၏။
တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့တွင် ဤနေရာ၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး မည်သည့်အရာမျှမရှိပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။
သင်တို့နားမလည်ကြသေးသလော။ မုန့်ငါးလုံးကို လူငါးထောင်စား၍ ဘယ်နှတောင်းကောက်သိမ်းခဲ့ရသည်ကိုလည်းကောင်း၊
ကိုယ်တော်ကလည်း“သင်တို့၌ မုန့်မည်မျှရှိသနည်း။ သွား၍ကြည့်ကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း သိရှိပြီးမှ “မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိပါသည်”ဟု လျှောက်ကြ၏။
မုန့်ငါးလုံးကို လူငါးထောင်အတွက် ငါဖဲ့ခဲ့စဉ်က မုန့်အကျိုးအပဲ့များကို တောင်းအပြည့်ဘယ်နှတောင်းကောက်သိမ်းခဲ့ကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “တစ်ဆယ့်နှစ်တောင်း”ဟု ပြန်လျှောက်ကြ၏။
သို့သော် ကိုယ်တော်က“သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု မိန့်တော်မူ၏။ သူတို့ကလည်း “ဤလူအားလုံးအတွက် အစားအစာများကို အကျွန်ုပ်တို့သွား၍မဝယ်လျှင် အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်သာရှိပါသည်”ဟု လျှောက်ကြ၏။
မာသက ယေရှုအား “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ။
မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
ယေရှုက“ယခုဖမ်းမိသောငါးအချို့ကို ယူခဲ့ကြလော့”ဟု သူတို့အား မိန့်တော်မူသဖြင့်
ယေရှုသည်လာ၍ မုန့်ကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းတူပေးတော်မူ၏။
ဤသို့ဖြင့် သူတို့သည် ကုန်းပေါ်သို့ရောက်ကြသောအခါ မီးခဲပုံနှင့် ထိုမီးခဲပုံပေါ်တင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့ကြ၏။
ထိုအခါ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုင်နေသောသူတို့အား ခွဲဝေပေးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ခွဲဝေပေးတော်မူ၏။
ဖိလိပ္ပုကလည်း “သူတို့ကို တစ်ယောက်တစ်ဖဲ့စီပေးသည့်တိုင် ဒေနာရိနှစ်ရာဖိုးထိုက်သောမုန့်ရှိလျှင်လည်း လုံလောက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
နွားမှရသောထောပတ်၊ သိုးမှရသောသိုးနို့၊ သိုးသငယ်အဆီ၊ ဗာရှန်ပြည်သိုးထီး၊ ဆိတ်ထီးနှင့်တကွ အကောင်းဆုံးဂျုံဖြင့်လည်းကောင်း ကျွေးမွေးတော်မူ၏။ စပျစ်သွေးတည်းဟူသောဝိုင်နီကိုလည်း သောက်ရ၏။
ဂျုံ၊ မုယော၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တို့နှင့်ပြည့်သောပြည်၊ သံလွင်ဆီ၊ ပျားရည်တို့နှင့်ပြည့်သောပြည်၊
ထို့နောက် သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာသော စကားသံနှင့်တူသည့်အသံက “ဂျုံဆန်တစ်ခွက်လျှင် ဒေနာရိတစ်ပြား၊ မုယောဆန်သုံးခွက်လျှင်လည်း ဒေနာရိတစ်ပြားဖြစ်၏။ ဆီနှင့်စပျစ်ဝိုင်ကို မပျက်စေနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။