ဆာလံ 78:19 - မြန်မာ့စံမီသမ္မာကျမ်း19 သူတို့က “ဘုရားသခင်သည် တောကန္တာရတွင် စားပွဲကိုတည်ခင်းနိုင်ပါမည်လော။ အခန်းကိုကြည့်ပါ။Common Language Bible19 ``ဘုရားသခင်သည်တောကန္တာရတွင်ငါတို့အား အစားအစာကိုပေးနိုင်ပါမည်လော။ အခန်းကိုကြည့်ပါ။Garrad Bible19 ဘု ရား သ ခင် သည် သဲ က န္တာ ရ ၌၊ စား ပွဲ ပြင် နိုင် သ လော။ အခန်းကိုကြည့်ပါ။Judson Bible19 ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင်နိုင်သလော။ အခန်းကိုကြည့်ပါ။ |
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။