ဂျူးလူမျိုးတို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
ရှင်ယောဟန် 6:52 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း”ဟု အချင်းချင်းငြင်းခုံပြောဆိုကြ၏။ Common Language Bible ထိုအခါ ``ဤသူသည်အဘယ်သို့လျှင်ငါတို့ စားရန်အတွက် သူ၏အသားကိုပေးနိုင်ပါ မည်နည်း'' ဟုလူတို့သည်အချင်းချင်းပြင်း ထန်စွာငြင်းခုံကြ၏။ Garrad Bible သို့ဖြစ်၍ယုဒလူမျိုးတို့က ဤသူသည်ကိုယ့်အသားကိုအစာအဖြစ် မည်သို့ပေးနိုင်သနည်းဟု အချင်းချင်းငြင်းခုံပြောဆိုကြသော်၊ Judson Bible ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။ မြန်မာ ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။- |
ဂျူးလူမျိုးတို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
နိကောဒင်ကလည်း “အသက်ကြီးသောသူသည် မည်ကဲ့သို့ မွေးဖွားခြင်းခံနိုင်မည်နည်း။ သူ့မိခင်၏ဝမ်းထဲသို့ နောက်တစ်ဖန်ဝင်၍ မွေးဖွားခြင်းကိုခံနိုင်ပါမည်လော”ဟု လျှောက်လေ၏။
နိကောဒင်ကလည်း “ဤအရာတို့သည် မည်သို့ဖြစ်နိုင်ပါမည်နည်း”ဟု လျှောက်ပြန်သော်
ထိုအမျိုးသမီးက “အရှင်၊ အရှင့်မှာရေခပ်စရာတစ်စုံတစ်ခုမျှမရှိ။ ဤရေတွင်းလည်းနက်သည်ဖြစ်၍ ထိုအသက်ရေကို အဘယ်ကရပါမည်နည်း။
ယေရှုက“ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏”ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က
တပည့်တော်တို့ထဲမှအများစုသည် ကြားလျှင် “ဤစကားသည် ပြင်းထန်လှ၏။ မည်သူနားထောင်နိုင်မည်နည်း”ဟု ဆိုကြ၏။
ထိုအခါ ဖာရိရှဲအချို့တို့က “ဤသူသည် ဥပုသ်နေ့ကိုမစောင့်ထိန်းသောကြောင့် ဘုရားသခင်ထံမှလာသောသူမဟုတ်”ဟု ဆိုကြ၏။ သို့သော် အချို့တို့က “အပြစ်သားဖြစ်သောသူတစ်ဦးသည် ဤသို့သောနိမိတ်လက္ခဏာများကို မည်သို့ပြုနိုင်မည်နည်း”ဟု ဆိုကြသဖြင့် သူတို့ထဲတွင်ကွဲပြားခြင်းရှိ၏။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။
ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။