ယေရှုသည် ဤတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား“လူမျိုးခြားတို့ရှိရာလမ်းသို့ မသွားကြနှင့်။ ရှမာရိနယ်သားတို့၏မြို့ထဲသို့လည်း မဝင်ကြနှင့်။
ရှင်ယောဟန် 4:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုရှမာရိအမျိုးသမီးကလည်း “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သောကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းရသနည်း”ဟု ဆို၏။ [ထိုသို့ဆိုသည့်အကြောင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိနယ်သားတို့နှင့် ပေါင်းသင်းဆက်ဆံလေ့မရှိသောကြောင့်ဖြစ်၏။] Common Language Bible ရှမာရိအမျိုးသမီးက ``သင်သည်ယုဒ အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူကျွန်မထံမှသောက်ရေ ကိုအဘယ်ကြောင့်တောင်းပါသနည်း'' ဟုမေး၏။ (ဤသို့မေးရသည့်အကြောင်းမှာယုဒအမျိုး သားများသည် ရှမာရိအမျိုးသားတို့၏ခွက် ယောက်များကိုအသုံးပြုလေ့မရှိကြသော ကြောင့်ဖြစ်၏။) Garrad Bible သို့နှင့်အညီယုဒလူမျိုးတို့သည် ရှမာရိလူမျိုးတို့နှင့်ပေါင်းသင်းလေ့မရှိသည်ကိုထောက်၍ ထိုရှမာရိမိန်းမက၊ အရှင်သည်ယုဒလူမျိုးဖြစ်လျက် ရှမာရိမိန်းမဖြစ်သောကျွန်မထံ အသို့သောက်ရေတောင်းသနည်းဟုမေးရာ၊ Judson Bible ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကို အဘယ်ကြောင့် သောက်ဖို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုရှမာရိအမျိုးသမီးက “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သော ကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းသနည်း” ဟု အံ့အားသင့်စွာ မေးလေ၏။ ထိုသို့မေးရခြင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိလူမျိုးတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းမပြုကြသောကြောင့်ဖြစ်၏။ မြန်မာ ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကို အဘယ်ကြောင့် သောက်ဖို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ။- |
ယေရှုသည် ဤတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား“လူမျိုးခြားတို့ရှိရာလမ်းသို့ မသွားကြနှင့်။ ရှမာရိနယ်သားတို့၏မြို့ထဲသို့လည်း မဝင်ကြနှင့်။
သို့သော် ရှမာရိနယ်သားတစ်ဦးသည် ခရီးသွားရင်း သူ့အနားသို့ရောက်လာ၍ သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့်
ထိုအချိန်တွင် တပည့်တော်တို့သည်ပြန်လာ၍ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောလျက်နေတော်မူသည်ကို အံ့သြကြ၏။ သို့သော် “မည်သည့်အလိုရှိတော်မူသနည်း”ဟူ၍လည်းကောင်း၊ “အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောလျက်နေတော်မူသနည်း”ဟူ၍လည်းကောင်း မည်သူမျှ မမေးလျှောက်ကြချေ။
ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ပေတရုက “ဂျူးလူမျိုးတို့အတွက် လူမျိုးခြားထံ အလည်အပတ်သွားခြင်း၊ သို့မဟုတ် သူတို့နှင့်ပေါင်းဖော်ခြင်းသည် တရားတော်နှင့်မညီကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညူးသောသူ၊ သို့မဟုတ် မစင်ကြယ်သောသူဟူ၍ မခေါ်ရမည့်အကြောင်း ဘုရားသခင်သည် ငါ့အား ပြသတော်မူပြီ။
ထို့ကြောင့် ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။ သူသည် ပင်လယ်ကမ်းနားရှိ သားရေနယ်သမားရှိမုန်၏အိမ်၌ တည်းခိုနေ၏’ဟု မြွက်ဆိုခဲ့ပါသည်။