ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ရှင်ယောဟန် 4:47 - မြန်မာ့စံမီသမ္မာကျမ်း ယုဒနယ်မှ ဂါလိလဲနယ်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုမှူးမတ်သည်ကြားသောအခါ သူ၏သား သေအံ့ဆဲဆဲဖြစ်သောကြောင့် ကိုယ်တော်ထံသို့သွားပြီးလျှင် ကြွလာ၍ သား၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါရန် တောင်းပန်လေ၏။ Common Language Bible ထိုအရာရှိသည်ယုဒပြည်မှဂါလိလဲ ပြည်သို့သခင်ယေရှုကြွလာတော်မူကြောင်း ကိုကြားသဖြင့် အထံတော်သို့သွား၍သေ ခါနီးဖြစ်သော မိမိသား၏အနာရောဂါ ကိုပျောက်ကင်းစေတော်မူပါမည့်အကြောင်း လျှောက်ထား၏။- Garrad Bible ယုဒနယ်မှ ဂါလိလဲနယ်သို့ယေရှုကြွရောက်တော်မူကြောင်းကြားသော် အထံတော်သို့သွားပြီးလျှင်၊ သေအံ့ဆဲသားကို ကြွလာ၍ကျန်းမာစေတော်မူပါမည့်အကြောင်း တောင်းပန်၏။ Judson Bible ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုဒပြည်မှ ဂါလိလဲပြည်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုအမတ် ကြားသောအခါ ယေရှုထံတော်သို့ သွားလျက် “အကျွန်ုပ်၏သားသည် သေလုနီးပြီ။ ကပေရနောင်သို့ ကြွ၍ အကျွန်ုပ်၏သားကို ကုသပေးတော်မူပါ” ဟု တောင်းပန်လေ၏။ မြန်မာ ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန်လေ၏။- |
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ဟေရုဒ်မင်းကြီးလက်ထက်တွင် ယုဒပြည်၊ ဗက်လင်မြို့၌ ယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးနောက် အရှေ့ပြည်မှ နက္ခတ်ပညာရှင်တို့သည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍
နာဇရက်မြို့သားယေရှုဖြစ်ကြောင်း သူကြားသိလျှင် “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။
ထိုအခါ ယာဣရုအမည်ရှိသောလူတစ်ဦးသည် အထံတော်သို့ရောက်လာ၏။ ထိုသူသည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံဖြစ်၏။ သူသည် ယေရှု၏ခြေတော်ရင်း၌ပျပ်ဝပ်ကာ မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်၏။
မာသက ယေရှုအား “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ။
မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
ဤသည်ကား ယုဒနယ်မှ ဂါလိလဲနယ်ထဲသို့ ယေရှုကြွလာတော်မူပြီးနောက် ထပ်မံ၍ပြုတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်၏။
ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။