ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
ရှင်ယောဟန် 4:46 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် ရေကိုစပျစ်ဝိုင်ဖြစ်စေခဲ့ရာ ဂါလိလဲနယ်၊ ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ၌ ကပေရနောင်မြို့တွင် မှူးမတ်တစ်ဦးရှိ၍ သူ့သားသည် နာမကျန်းဖြစ်နေ၏။ Common Language Bible ထိုနောက်ကိုယ်တော်သည်ရေကိုစပျစ်ရည်ဖြစ် စေတော်မူခဲ့ရာ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုမြို့၌အစိုးရအရာ ရှိတစ်ဦးရှိ၏။ သူ၏သားသည်ကပေရနောင် မြို့တွင်ဖျားနာလျက်နေ၏။- Garrad Bible သို့နှင့်အညီ၊ ရေကိုစပျစ်ရည်ဖြစ်စေတော်မူခဲ့ရာ ဂါလိလဲနယ်ကာနမြို့သို့ တဖန်ကြွ ရောက်တော်မူပြီးနောက်၊ ကပေရနောင်မြို့တွင် သားနာလျက်ရှိသောမှူးမတ်တစ်ယောက်သည်၊ Judson Bible ရေကို စပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တစ်ယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ရေကို စပျစ်ဝိုင်အဖြစ် ပြောင်းလဲစေတော်မူခဲ့ရသော ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ ကပေရနောင်မြို့၌ အမတ်တစ်ဦးရှိ၍ သူ၏ သားသည် အပြင်းဖျားလျက်ရှိ၏။ မြန်မာ ရေကို စပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တစ်ယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။- |
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
သူတို့ကို ကိုယ်တော်ကွပ်မျက်တော်မူသောအခါ သူတို့သည် ကိုယ်တော်ကိုရှာကြ၏။ သူတို့သည် နောင်တရလျက် ဘုရားသခင်ကိုကြိုးစား၍ရှာကြ၏။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
ထို့နောက် နာဇရက်မြို့ကိုစွန့်ခွာ၍ ပင်လယ်ကမ်းနား၌ရှိသော ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။ ထိုမြို့သည် ဇာဗုလုန်နယ်နှင့်နဿလိနယ်ဆိုင်ရာအရပ်ဒေသ၌ရှိ၏။
ကိုယ်တော်သည် ဤအကြောင်းအရာများကိုမြွက်ဆိုတော်မူစဉ် အကြီးအကဲတစ်ဦးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “အကျွန်ုပ်၏သမီးသည် ယခုပင်သေဆုံးသွားပါသည်။ သို့သော် ကြွလာ၍ ကိုယ်တော်၏လက်တော်ကို သူ့အပေါ်တင်တော်မူလျှင် အသက်ရှင်လာပါလိမ့်မည်”ဟု လျှောက်လေ၏။
ကိုယ်တော်ကလည်း“အသင်ဆေးဆရာ၊ သင့်ရောဂါကို သင်ပျောက်ကင်းစေလော့ဟူသောဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့တွင် သင်ပြုခဲ့သည်ဟု ငါတို့ကြားရသည့်အမှုများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်းပြုပါ’ဟု သင်တို့သည် ငါ့အား မုချပြောကြလိမ့်မည်”ဟု မိန့်တော်မူပြီးနောက်
ထိုစဉ် တပ်မှူးတစ်ယောက်၏အလွန်အားထားရသော အစေအပါးတစ်ဦးသည် နာမကျန်းဖြစ်ပြီး သေအံ့ဆဲဆဲဖြစ်နေ၏။
အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ်ခန့်ရှိသော သူ၏တစ်ဦးတည်းသောသမီးသည် သေအံ့ဆဲဆဲဖြစ်နေ၏။ ကိုယ်တော်ကြွတော်မူစဉ် လူထုပရိသတ်သည် ကိုယ်တော်ထံစုပြုံတိုးဝှေ့ကြ၏။
ထို့နောက် ကိုယ်တော်သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ကြွ၍ ထိုမြို့၌ ရက်အနည်းငယ်နေတော်မူ၏။
ရှိမုန်ပေတရုနှင့် ဒိဒုမုဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့မှ ဆီဒုန်မြို့ကြီးအထိ ဆက်သွား၏။