ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
ရှင်ယောဟန် 4:40 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ရှမာရိနယ်သားတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ မိမိတို့ထံ၌ တည်းခိုတော်မူရန် ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်တွင် နှစ်ရက်တည်းခိုတော်မူ၏။ Common Language Bible သို့ဖြစ်၍သူတို့သည်ကိုယ်တော်၏ထံတော် သို့ရောက်ကြသောအခါ မိမိတို့ထံတွင် တည်းခိုတော်မူပါဟုလျှောက်ထားတောင်းပန် ကြ၏။ သခင်ယေရှုသည်ထိုအရပ်တွင်နှစ် ရက်မျှနေတော်မူ၏။ Garrad Bible သူတို့ထံတည်းနေတော်မူပါမည့်အကြောင်း တောင်းပန်ကြသဖြင့် နှစ်ရက်တည်းတော်မူရာ၊ Judson Bible ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုရှမာရိလူမျိုးတို့သည် ယေရှုထံတော်သို့ ရောက်လာကြသောအခါ ယေရှုကို မိမိတို့၏မြို့တွင် တည်းခိုတော်မူရန် တောင်းပန်ကြ၏။ ထို့ကြောင့် ယေရှုသည် ထိုမြို့တွင် နှစ်ရက်တည်းခိုတော်မူ၏။ မြန်မာ ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။- |
ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
ဆုံးမပဲ့ပြင်ခြင်းကိုဆုပ်ကိုင်ထားလော့။ လွတ်မသွားစေနှင့်။ ၎င်းကိုထိန်းသိမ်းစောင့်ရှောက်လော့။ အကြောင်းမူကား ၎င်းသည် သင်၏အသက်ဖြစ်၏။
ကင်းစောင့်တို့ကို အနည်းငယ်ကျော်လွန်သွားသောအခါ အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို တွေ့ရပါ၏။ အကျွန်ုပ်ကိုမွေးဖွားသောအမေ့အိမ်အတွင်းခန်းထဲသို့ သူ့ကို အကျွန်ုပ်ခေါ်ဆောင်လာပါ၏။ မရောက်မချင်း သူ့ကို မလွတ်တမ်းဆုပ်ကိုင်ထားပါ၏။
အို အစ္စရေးလူမျိုး၏မျှော်လင့်ရာ၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ကယ်တင်ရာဖြစ်တော်မူသောအရှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်တို့ပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ဖြစ်ရသနည်း၊ အဘယ်ကြောင့် တစ်ညသာလာရောက်တည်းခိုသွားသော ခရီးသွားဧည့်သည်ကဲ့သို့ဖြစ်ရသနည်း။
ထိုအမျိုးသမီးတွင် မာရိဟုခေါ်သောညီမတစ်ယောက်ရှိ၏။ သူသည် သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက် ကိုယ်တော်၏တရားစကားကို နားထောင်နေ၏။
သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။
နတ်ဆိုးများထွက်သွားသောသူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ သို့သော် ကိုယ်တော်က
“ကျွန်မပြုခဲ့သမျှသောအရာတို့ကို ထိုသူထုတ်ဖော်ပြောဆိုခဲ့သည်”ဟု သက်သေခံသောရှမာရိအမျိုးသမီး၏စကားကြောင့် ထိုမြို့မှရှမာရိနယ်သားများစွာတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
နှစ်ရက်လွန်သော် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ကြွတော်မူ၏။
သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။