Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 4:40 - မြန်မာ

40 ထို​ကြောင့်၊ ရှ​မာ​ရိ​လူ​တို့​သည် အ​ထံ​တော်​သို့​ရောက်​လျှင်၊ မိ​မိ​တို့​အ​ရပ်၌ နေ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်၏။ ထို​အ​ရပ်၌ နှစ်​ရက်​နေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော် သို့​ရောက်​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​တွင် တည်း​ခို​တော်​မူ​ပါ​ဟု​လျှောက်​ထား​တောင်း​ပန် ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​တွင်​နှစ် ရက်​မျှ​နေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 သူတို့ထံတည်းနေတော်မူပါမည့်အကြောင်း တောင်းပန်ကြသဖြင့် နှစ်ရက်တည်းတော်မူရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 ထို​ကြောင့်၊ ရှ​မာ​ရိ​လူ​တို့​သည် အ​ထံ​တော်​သို့​ရောက်​လျှင်၊ မိ​မိ​တို့​အ​ရပ်၌ နေ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်၏။ ထို​အ​ရပ်၌ နှစ်​ရက်​နေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 သို့ဖြစ်၍ ရှမာရိ​နယ်သား​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ မိမိ​တို့​ထံ၌ တည်းခို​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​တွင် နှစ်​ရက်​တည်းခို​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 ထို​ရှမာရိလူမျိုးတို့​သည် ယေရှု​ထံတော်သို့ ရောက်လာကြ​သောအခါ ယေရှု​ကို မိမိတို့​၏​မြို့​တွင် တည်းခိုတော်မူ​ရန် တောင်းပန်ကြ၏။ ထို့ကြောင့် ယေရှု​သည် ထို​မြို့​တွင် နှစ်ရက်​တည်းခိုတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 4:40
15 ပူးပေါင်းရင်းမြစ်များ  

ထို​မိန်း​မ၌ မာ​ရိ​အ​မည်​ရှိ​သော ညီ​မ​တစ်​ယောက်​ရှိ၏။ ထို​မာ​ရိ​သည် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်၍ စ​ကား​တော်​ကို နား​ထောင်​လျက်​နေ၏။-


ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။-


နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် ကိုယ်​တော်​နှင့် အ​တူ​ရှိ​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လျှင်၊-


ရှ​မာ​ရိ​မိန်း​မ​က၊ အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို သူ​သည်​ထုတ်​ဖော်​ပြီ​ဟု သက်​သေ​ခံ​သော စ​ကား​ကြောင့်၊ ထို​မြို့၌​နေ​သော ရှ​မာ​ရိ​လူ​အ​များ​တို့​သည် ယေ​ရှု​ကို​ယုံ​ကြည်​ကြ၏။-


အ​ခြား​သော​သူ​အ​များ​တို့​သည် နှုတ်​က​ပတ်​စ​ကား​တော်​ကြောင့် ယုံ​ကြည်၍၊-


နှစ်​ရက်​လွန်​ပြီး​လျှင်၊ ထို​အ​ရပ်​မှ​ထွက်၍ နာ​ဇ​ရက်​မြို့​ကို ရှောင်​လျက်၊ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ