လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ရှင်ယောဟန် 4:22 - မြန်မာ့စံမီသမ္မာကျမ်း ကယ်တင်ခြင်းသည် ဂျူးလူမျိုးတို့ထဲမှဖြစ်ပေါ်လာသည်ဖြစ်၍ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ Common Language Bible ရှမာရိလူမျိုးဖြစ်သောသင်တို့သည် မိမိတို့ မသိသည့်ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ငါတို့မူကားငါတို့သိသည့်ဘုရားကိုဝတ် ပြုကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းကျေးဇူးတော်သည် ယုဒအမျိုး သားများထံမှတစ်ဆင့်သက်ရောက်လာသော ကြောင့်ဖြစ်၏။- Garrad Bible ငါတို့မူကား၊ ယုဒလူမျိုးမှကယ်တင်ခြင်းဖြစ်လာသည့်အလျောက် ကိုယ်သိရာကိုကိုးကွယ်ကြ၏။ Judson Bible သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကယ်တင်ခြင်းသည် ဂျူးလူမျိုးများမှတစ်ဆင့် ဖြစ်လာသဖြင့် ဂျူးလူမျိုးဖြစ်သော ငါတို့သည် မိမိသိသောဘုရားကို ကိုးကွယ်ကြ၏။ ရှမာရိလူမျိုးဖြစ်သော သင်တို့မှာ မိမိမသိသောဘုရားကို ကိုးကွယ်ကြ၏။ မြန်မာ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။- |
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ဇေရုဗဗေလနှင့် အိမ်ထောင်စုအကြီးအမှူးတို့ထံလာ၍ “ငါတို့သည်လည်း သင်တို့ကဲ့သို့ပင် သင်တို့ဘုရားကို ကိုးကွယ်သည်ဖြစ်၍ သင်တို့နှင့်အတူ တည်ဆောက်ပါရစေ။ ငါတို့ကို ဤနေရာသို့ပို့ဆောင်လာသော အဆီးရီးယားဘုရင် ဧသရဟဒ္ဒုန်မင်းကြီးလက်ထက်ကစ၍ ငါတို့သည် ထိုဘုရားကို ယဇ်ပူဇော်ကြပါ၏”ဟု ဆိုကြ၏။
ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကို ယာကုပ်အမျိုးအားလည်းကောင်း၊ မိမိ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို အစ္စရေးလူမျိုးအားလည်းကောင်း ဖွင့်ပြတော်မူ၏။
ငါတို့၏ဘုရားသခင်သည် ကယ်တင်တော်မူသောဘုရားဖြစ်တော်မူ၏။ သေခြင်းမှလွတ်မြောက်ခွင့်သည်လည်း ဘုရားရှင်ထာဝရဘုရားထံတော်မှလာ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
အို ဇိအုန်မြို့သားတို့၊ ကြွေးကြော်လော့။ ရွှင်လန်းစွာသီချင်းဆိုလော့။ အကြောင်းမူကား သင်တို့တွင် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ကြီးမြတ်တော်မူ၏”ဟု ဆိုကြလိမ့်မည်။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
ငါ၏ဖြောင့်မတ်ခြင်းကို အနီးသို့ငါဆောင်ခဲ့ပြီ။ အဝေး၌ရှိသည်မဟုတ်။ ငါ၏ကယ်တင်ခြင်းသည် နှောင့်နှေးမည်မဟုတ်။ ကယ်တင်ခြင်းကို ဇိအုန်တောင်၌ ငါထားမည်။ ငါ၏ဂုဏ်ကျက်သရေကို အစ္စရေးလူမျိုးအား ငါပေးမည်။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ထို့နောက် သူ၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးနှင့်ဆိုင်သောနောင်တတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်ဟူ၍ဖြစ်၏။
သင်တို့ကိုးကွယ်သောအရာများကို လှည့်လည်၍ကြည့်ရှုစဉ် ‘မသိသောဘုရားအတွက်’ဟု ကမ္ပည်းထိုးထားသည့် ယဇ်ပလ္လင်တစ်ခုကို ငါတွေ့ရ၏။ ထို့ကြောင့် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောပါမည်။
ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။
ဘုရားသခင်သည် သင်တို့တစ်ဦးစီ၏ဆိုးညစ်သောအကျင့်ကိုဖယ်ရှား၍ သင်တို့ကိုကောင်းချီးပေးတော်မူရန် မိမိ၏အမှုဆောင်ကို ပေါ်ထွန်းစေလျက် သူ့ကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏”ဟု လူတို့အားဆိုလေ၏။
ထိုအကိုင်းအခက်များအပေါ် ဝါကြွားသောစိတ်မရှိနှင့်။ ဝါကြွားလျှင်လည်း သင်သည် အမြစ်ကိုထောက်မသည်မဟုတ်။ အမြစ်ကသာ သင့်ကိုထောက်မ၏။
ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။