ယေရှုက“သွား၍ သင်၏ယောက်ျားကိုခေါ်ပြီး ဤနေရာသို့လာခဲ့လော့”ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 4:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးကလည်း “ကျွန်မမှာ ယောက်ျားမရှိပါ”ဟု ပြန်လျှောက်လေ၏။ ယေရှုက“ယောက်ျားမရှိဟု သင်ပြောသည်မှာ မှန်ပေ၏။ Common Language Bible ထိုအမျိုးသမီးက ``ကျွန်မမှာခင်ပွန်းမရှိ ပါ'' ဟုဆို၏။ ကိုယ်တော်က ``ကျွန်မမှာခင်ပွန်းမရှိဟုဆို သည်မှာမှန်ပေ၏။- Garrad Bible လင်မရှိပါဟုပြန်လျှောက်၏။ ယေရှုက လင်မရှိဟုသင်ဆိုသည်မှာမှန်၏။ Judson Bible မိန်းမကလည်း၊ အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည် မှန်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အမျိုးသမီးက “ကျွန်မတွင် ခင်ပွန်းမရှိပါ” ဟု လျှောက်၏။ ယေရှုကလည်း “သင်က ‘ကျွန်မတွင် ခင်ပွန်းမရှိပါ’ ဟု ပြောသည်မှာ မှန်၏။ မြန်မာ မိန်းမကလည်း၊ အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည် မှန်၏။- |
ယေရှုက“သွား၍ သင်၏ယောက်ျားကိုခေါ်ပြီး ဤနေရာသို့လာခဲ့လော့”ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် သင်၌ ယောက်ျားငါးယောက်ရှိခဲ့လေပြီ။ ယခု သင်ပေါင်းနေသောသူသည်လည်း သင်၏ယောက်ျားမဟုတ်သောကြောင့် သင်ပြောသောစကားသည် မှန်ပေ၏”ဟု မိန့်တော်မူ၏။
“ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့်
မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။