သူကြည့်လိုက်သောအခါ ခေါင်းရင်းနားတွင် ကင်ထားသောမုန့်တစ်ချပ်နှင့် ရေဘူးတစ်ဘူးကို တွေ့၏။ သူသည် စားသောက်ပြီး ပြန်၍အိပ်ပျော်သွားလေ၏။
ရှင်ယောဟန် 21:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“ချစ်သားတို့၊ သားငါးတစ်စုံတစ်ရာရှိသလော”ဟု သူတို့အားမေးတော်မူလျှင် သူတို့က “မရှိပါ”ဟု ပြန်ပြောကြ၏။ Common Language Bible ကိုယ်တော်က ``အမောင်တို့၊ ငါးမိကြပါ၏ လော'' ဟုမေးတော်မူ၏။ သူတို့က ``မမိပါ'' ဟုလျှောက်ထားကြ၏။ Garrad Bible ထိုအခါယေရှုက အမောင်တို့၊ ငါးမရလောဟုမေးတော်မူလျှင် မရဟုပြန်ဆိုကြသော်၊ Judson Bible ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “မိတ်ဆွေတို့… ငါးရကြသလော” ဟု မေးတော်မူလျှင် တပည့်တော်တို့က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။ မြန်မာ ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။- |
သူကြည့်လိုက်သောအခါ ခေါင်းရင်းနားတွင် ကင်ထားသောမုန့်တစ်ချပ်နှင့် ရေဘူးတစ်ဘူးကို တွေ့၏။ သူသည် စားသောက်ပြီး ပြန်၍အိပ်ပျော်သွားလေ၏။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်း လွန်နေပါပြီ။ လူထုပရိသတ်တို့သည် ကျေးရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကို ပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။
သူတို့၌ ငါးကလေးအနည်းငယ်ရှိသဖြင့် ၎င်းတို့အတွက် ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုငါးတို့ကိုလည်း ဝေပေးရန် မိန့်တော်မူ၏။
ငါ၏ဘုရားသခင်သည်လည်း ဘုန်းအသရေတော်၌ရှိသော မိမိ၏ကြွယ်ဝမှုနှင့်အညီ သင်တို့၏လိုအပ်ချက်ရှိသမျှကို ခရစ်တော်ယေရှုအားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။
ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
သားသမီးတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်အန်တုသူရောက်လာတော့မည်ဟု သင်တို့ကြားရသည့်အတိုင်း ယခုပင် ခရစ်တော်ကိုဆန့်ကျင်အန်တုသူအမြောက်အမြားပေါ်လာကြပြီ။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို ငါတို့သိကြ၏။