ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်ကို ဓားပြခိုအောင်းရာဖြစ်သည်ဟု သင်တို့ထင်ကြသလော။ သင်တို့ပြုသောအမှုကို ငါမြင်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ရှင်ယောဟန် 2:16 - မြန်မာ့စံမီသမ္မာကျမ်း ချိုးငှက်များကိုရောင်းနေသောသူတို့အားလည်း“ဤဥစ္စာများကို ဤနေရာမှယူသွားကြလော့။ ငါ့ခမည်းတော်၏အိမ်တော်ကို ဈေးရုံမဖြစ်စေကြနှင့်”ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``ဤအရာများကိုယူသွား ကြ။ ငါ့အဖ၏အိမ်တော်ကိုစျေးမဖြစ်စေ နှင့်'' ဟုချိုးငှက်ရောင်းသူများအားမိန့်တော် မူ၏။- Garrad Bible ချိုးရောင်းသူတို့အား၊ ဤမှယူသွားကြလော့။ ခမည်းတော်၏ဗိမာန်ကို ကုန်ရုံမလုပ်ကြနှင့်ဟုမိန့် တော်မူ၏။ Judson Bible ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ချိုးငှက်ရောင်းသူတို့အား “ဤအရာများကို ယူသွားကြ။ ငါ့အဖအိမ်တော်ကို ဈေးမဖြစ်စေနှင့်” ဟု မိန့်တော်မူ၏။ မြန်မာ ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏။- |
ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်ကို ဓားပြခိုအောင်းရာဖြစ်သည်ဟု သင်တို့ထင်ကြသလော။ သင်တို့ပြုသောအမှုကို ငါမြင်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင်ထုတ်ပြီး ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းနေသောသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူကာ
ထိုသူတို့အား“ ‘ငါ့အိမ်သည် ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသော်လည်း သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာ ဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။
သို့သော် သူတို့သည် ဂရုမစိုက်ကြဘဲ တစ်ဦးသည် မိမိလယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည် မိမိကုန်သွယ်ရာသို့လည်းကောင်း သွားကြ၏။
ကိုယ်တော်သည် သူတို့အားသွန်သင်လျက်“ ‘ငါ့အိမ်သည် လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်မဟုတ်လော။ သို့သော် သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“အဘယ်ကြောင့် အကျွန်ုပ်ကိုရှာကြသနည်း။ အကျွန်ုပ်သည် အကျွန်ုပ်ခမည်းတော်၏အိမ်၌နေရမည်ကို မသိကြသလော”ဟု သူတို့အားပြန်ပြောလေ၏။
သူတို့ကို ငါ့အားပေးအပ်တော်မူသောငါ့ခမည်းတော်သည် အလုံးစုံတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ခမည်းတော်၏လက်ထဲမှမလုယူနိုင်။
ကိုယ်တော်သည် ကြိုးများဖြင့် ကျာပွတ်ကိုပြုလုပ်ပြီးလျှင် သိုး၊ နွားတို့နှင့်တကွ ထိုသူအပေါင်းတို့ကို ဗိမာန်တော်ထဲမှနှင်ထုတ်၍ ငွေကြေးလဲလှယ်သူတို့၏ဒင်္ဂါးများကိုသွန်ချကာ သူတို့၏စားပွဲများကိုမှောက်လှန်တော်မူ၏။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံသို့ မတက်သွားရသေးသဖြင့် ငါ့ကိုမထိနှင့်ဦး။ ငါ့ညီအစ်ကိုတို့ထံသို့သွား၍ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ့ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံသို့ ငါတက်သွားတော့မည်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
သို့ရာတွင် ယေရှုက“ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းအလုပ်လုပ်၏”ဟု သူတို့အားပြန်၍မိန့်တော်မူ၏။
ယေရှုက“ငါ့ကိုနတ်ဆိုးပူးနေသည်မဟုတ်။ ငါသည် ငါ့ခမည်းတော်ကိုရိုသေ၏။ သင်တို့မူကား ငါ့ကိုမထီလေးစားပြုကြ၏။
ထိုသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရားဆုံးရှုံးကာ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်သောလူတို့ကြား၌ မဆုံးနိုင်သောအငြင်းပွားမှုရှိတတ်၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။