ဤသည်မှာ “သင်၏သားမြေးလေးဆက်အထိ အစ္စရေးလူမျိုးတို့၏ရာဇပလ္လင်တွင် စံမြန်းရမည်”ဟု ထာဝရဘုရားက ယေဟုအား မိန့်မှာထားသည့်စကားအတိုင်း ပြည့်စုံလာခြင်းဖြစ်၏။
ရှင်ယောဟန် 19:36 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြစ်ပျက်ခဲ့သည်မှာ “သူ၏အရိုးတစ်ချောင်းမျှ ချိုးဖဲ့ခြင်းမခံရ”ဟူသောကျမ်းချက်ကို ပြည့်စုံစေရန်ဖြစ်၏။ Common Language Bible ဤသို့ဖြစ်ပျက်ရခြင်းမှာ ``သူ၏အရိုးတစ် ချောင်းမျှမကျိုးစေရ'' ဟုကျမ်းစာတော် တွင်ပါရှိသည့်အတိုင်းပင်တည်း။- Garrad Bible ထိုသို့ဖြစ်ပျက်သည်မှာ အရိုးကိုမချိုးရဟူသော ကျမ်းချက်အတိုင်းလည်းကောင်း၊ ထိုးဖောက်ခဲ့သော သူ့ကိုရှုမြော်ကြလိမ့်မည်ဟူသောကျမ်းချက်အတိုင်းလည်းကောင်း၊ ပြည့်စုံစေခြင်းငှာတည်း။ Judson Bible ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက် ပြည့်စုံမည်အကြောင်းတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြစ်ပျက်ရခြင်းမှာ “သူ၏ အရိုးတစ်ချောင်းမျှ မကျိုးစေရ” ဟူ၍ ကျမ်းစာတွင် ဖော်ပြထားသည့်အရာ ဖြစ်လာရန်ပင်ဖြစ်၏။ မြန်မာ ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက် ပြည့်စုံမည်အကြောင်းတည်း။- |
ဤသည်မှာ “သင်၏သားမြေးလေးဆက်အထိ အစ္စရေးလူမျိုးတို့၏ရာဇပလ္လင်တွင် စံမြန်းရမည်”ဟု ထာဝရဘုရားက ယေဟုအား မိန့်မှာထားသည့်စကားအတိုင်း ပြည့်စုံလာခြင်းဖြစ်၏။
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
သူ၏အရိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူ၍ ထိုအရိုးတစ်ချောင်းမျှချိုးဖဲ့ခြင်းမခံရ။
အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
ပသခါသိုးကို အိမ်တစ်အိမ်ထဲ၌ စားရမည်။ အသားကို အိမ်ထဲမှ အပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။
အသားကို နံနက်တိုင်အောင် မကြွင်းကျန်စေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲတော်၏ပြဋ္ဌာန်းချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်။
သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။
“ဤအဝတ်ကိုမဆုတ်ဘဲ မည်သူရမည်ကို မဲချကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ စစ်သားတို့ ဤသို့ပြုကြခြင်းမှာ “သူတို့သည် အကျွန်ုပ်၏ဝတ်ရုံကို အချင်းချင်းခွဲဝေကြ၍ အကျွန်ုပ်၏အဝတ်အတွက် မဲချကြ၏”ဟု ကျမ်းစာ၌ဆိုထားသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန်“ငါရေငတ်သည်”ဟု မိန့်တော်မူ၏။