လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်မှစ၍ မြို့ရိုးကြားပေါက်တတ်သော ဟုဿုပ်ပင်အထိ အပင်များအကြောင်းကို မြွက်ဆိုခဲ့၏။ တိရစ္ဆာန်များအကြောင်း၊ ငှက်များအကြောင်း၊ တွားသွားသတ္တဝါများအကြောင်းကိုလည်း မြွက်ဆိုခဲ့၏။
ရှင်ယောဟန် 19:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ ဝိုင်ချဉ်အပြည့်ရှိသော အိုးတစ်လုံးကိုထားရှိသည်ဖြစ်၍ လူတို့သည် ဝိုင်ချဉ်ဝနေသောရေမြှုပ်ကို ဟုဿုပ်ရိုးတံအဖျား၌တပ်လျက် နှုတ်ခမ်းတော်နားသို့ကပ်ပေးကြ၏။ Common Language Bible ထိုနေရာတွင်ပုန်းရည်အပြည့်ထည့်ထား သောအိုးတစ်လုံးရှိ၏။ ထိုသူတို့သည်ရေ မြှုပ်တစ်ခုကိုပုန်းရည်တွင်နှစ်၍ဟုဿုပ်ပင် အကိုင်းအဖျား၌တပ်ပြီးလျှင်ကိုယ်တော် ၏ခံတွင်းတော်သို့ကမ်းပေးကြ၏။- Garrad Bible ထိုအရပ်တွင် ပုန်းရည်အပြည့်ထည့်ထားသောအိုးတစ်လုံးရှိ၍ ရေမှိုတစ်ပွင့်ကို ပုန်းရည်နှင့်ပြည့်စေပြီးလျှင် ဟုဿုပ်ကိုင်းတွင်တပ်လျက် ခံတွင်းတော်ရောက်ကမ်းပေးကြ၏။ Judson Bible ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာ၌ အချဉ်ဖောက်ထားသောစပျစ်ဝိုင်ပုံးရှိ၏။ ထို့ကြောင့် သူတို့သည် ရေမြှုပ်ကို ထိုပုံးတွင် နှစ်၍ ဟုဿုပ်ပင်ကိုင်းဖျားတွင် တပ်လျက် ယေရှု၏နှုတ်ခမ်းတော်နားသို့ ကပ်ပေးကြ၏။ မြန်မာ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။- |
လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်မှစ၍ မြို့ရိုးကြားပေါက်တတ်သော ဟုဿုပ်ပင်အထိ အပင်များအကြောင်းကို မြွက်ဆိုခဲ့၏။ တိရစ္ဆာန်များအကြောင်း၊ ငှက်များအကြောင်း၊ တွားသွားသတ္တဝါများအကြောင်းကိုလည်း မြွက်ဆိုခဲ့၏။
အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍ အင်တုံထဲ၌ရှိသောသွေးတွင်နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်ကို အင်တုံထဲမှသွေးဖြင့် သုတ်ရမည်။ နံနက်တိုင်အောင် မည်သူမျှ မိမိအိမ်တံခါးအပြင်သို့ မထွက်ရ။
စင်ကြယ်သောသူသည် ဟုဿုပ်ညွန့်ကိုယူ၍ ထိုရေထဲသို့နှစ်ပြီး တဲနှင့် တဲထဲရှိအသုံးအဆောင်အားလုံးကိုလည်းကောင်း၊ တဲထဲရှိလူတို့ကိုလည်းကောင်း၊ လူသေအရိုး၊ အသတ်ခံရသူ၊ အလိုလိုသေသောသူ၊ သင်္ချိုင်းဂူကို ထိမိသောသူကိုလည်းကောင်း ဖျန်းရမည်။
သူတို့သည် ကိုယ်တော်အား ဆေးခါးနှင့်ရောထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်း၍ သောက်လိုသောစိတ်ရှိတော်မမူချေ။
ထိုအခါ သူတို့အထဲမှ တစ်ယောက်သည် ချက်ချင်းပြေးသွား၍ ရေမြှုပ်ကိုယူကာ ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ၎င်းကိုကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေ၏။
ထို့နောက် ယေရှုသည် နောက်တစ်ဖန် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ကိုစွန့်တော်မူ၏။
ထိုအခါ လူတစ်ဦးသည်ပြေးသွား၍ ရေမြှုပ်ကို ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေကာ “ရှိပါလေစေ။ ဧလိယသည် သူ့ကို အောက်သို့ချရန် လာမည်၊ မလာမည်ကို ငါတို့ကြည့်ကြစို့”ဟု ဆိုလေ၏။
စစ်သားတို့သည်လည်း ကိုယ်တော်ကိုပြောင်လှောင်ကြပြီး ကိုယ်တော်ထံသို့ချဉ်းကပ်လျက် ဝိုင်ချဉ်ကိုတိုက်ကာ