မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
ရှင်ယောဟန် 19:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့သည် ပသခါပွဲတော်အတွက် ပြင်ဆင်ရာနေ့ဖြစ်၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ရှိ၏။ ပိလတ်မင်းသည် ဂျူးလူမျိုးတို့အား “ကြည့်ပါ။ သင်တို့၏ဘုရင်ပေတည်း”ဟု ဆိုလေ၏။ Common Language Bible ထိုအချိန်ကားပသခါပွဲအကြိုနေ့၊ မွန်းတည့် ခါနီးဖြစ်သတည်း။ ပိလတ်မင်းက ``ကြည့် ကြလော့၊ ဤမှာသင်တို့၏ရှင်ဘုရင်တည်း'' ဟုယုဒအမျိုးသားတို့အားဆို၏။ Garrad Bible ပသခါပွဲအဖိတ်နေ့ ခြောက်နာရီခန့်အချိန်ထိုင်ပြီးလျှင် ယုဒလူမျိုးတို့အားကြည့်ကြလော့။ သင်တို့ဘုရင်မင်းတည်းဟုဆိုသော်၊ Judson Bible ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်သည် ပသခါပွဲတော်ကျင်းပရန်အတွက် ပြင်ဆင်ရာနေ့၏ မွန်းတည့်ချိန်ခန့် ဖြစ်၏။ ပိလတ်မင်းက “ကြည့်ကြလော့။ ဤသူသည် သင်တို့၏ ရှင်ဘုရင်ပင်ဖြစ်၏” ဟု ဂျူးလူမျိုးတို့ကို ဆို၏။ မြန်မာ ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊- |
မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
ပြင်ဆင်ရာနေ့အလွန် နောက်တစ်နေ့တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ပိလတ်မင်းထံစုဝေးကြလျက်
ထိုနေ့သည် ပြင်ဆင်ရာနေ့တည်းဟူသော အဖိတ်နေ့ဖြစ်သဖြင့် ညနေချမ်းအချိန်ရောက်သောအခါ
ထိုအချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ထိုမှမွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
ကိုယ်တော်ထံသို့ချဉ်းကပ်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ဆိုပြီး ကိုယ်တော်ကိုရိုက်ပုတ်ကြ၏။
ထိုနေ့သည် ဂျူးလူမျိုးတို့၏ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် ယေရှုကို ထိုဂူ၌သင်္ဂြိုဟ်ကြ၏။
ထိုအခါ ယေရှုသည် ဆူးသရဖူနှင့်ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်လျက် အပြင်သို့ထွက်လာ၏။ ပိလတ်မင်းကလည်း “ကြည့်ပါ။ ဤသူပင်တည်း”ဟု ဆို၏။