ရှင်ယောဟန် 19:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထိုအခါ ယေရှုသည် ဆူးသရဖူနှင့်ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်လျက် အပြင်သို့ထွက်လာ၏။ ပိလတ်မင်းကလည်း “ကြည့်ပါ။ ဤသူပင်တည်း”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible5 သခင်ယေရှုသည်လည်းဆူးဦးရစ်သရဖူကို ဆောင်းလျက်နီမောင်းသောဝတ်လုံကိုဝတ်ဆင် ကာ အပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်း က ``ကြည့်ကြလော့၊ ဤသူပင်ဖြစ်သည်'' ဟု ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ယေရှုသည် ဆူးဦးရစ်နှင့်ကမ္ပလာနီကိုဝတ်ဆင်လျက်ထွက်တော်မူရာ ပိလတ်မင်းက ကြည့်ကြလော့။ ထိုလူပင်တည်းဟုဆိုသည့်အလျောက်၊ အခန်းကိုကြည့်ပါ။Judson Bible5 ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကို ဝတ်လျက် ပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟု ဆို၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုအခါ ယေရှုသည် ဆူးရစ်သရဖူကို ဆောင်း၍ ခရမ်းရောင်ဝတ်ရုံကို ခြုံလျက် ထွက်ကြွလာ၏။ ပိလတ်မင်းက “သူ့ကို ကြည့်ကြလော့” ဟု ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ5 ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကို ဝတ်လျက် ပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟု ဆို၏။- အခန်းကိုကြည့်ပါ။ |
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။