ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
ရှင်ယောဟန် 18:16 - မြန်မာ့စံမီသမ္မာကျမ်း ပေတရုမူကား ခြံတံခါးအပြင်ဘက်၌ ရပ်နေ၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်သော ထိုတပည့်တော်သည်ထွက်လာ၍ တံခါးစောင့်မိန်းမအားပြောပြီးလျှင် ပေတရုကို အထဲသို့ခေါ်သွားလေ၏။ Common Language Bible ပေတရုကားဝင်းတံခါးအပြင်တွင်နေရစ်၏။ ယဇ်ပုရောဟိတ်မင်းသိသူတပည့်တော်သည် ဝင်းပြင်သို့ထွက်လာပြီးနောက် တံခါးစောင့် သူမအားအခွင့်တောင်းကာပေတရုကို ဝင်းထဲသို့သွင်းလေ၏။- Garrad Bible ပေတရုမူကား တံခါးပြင်တွင်ရပ်နေရ၍ ပရောဟိတ်မင်းနှင့်ကျွမ်းဝင်သော ထိုတပည့်တော်ထွက်သွားလျက် တံခါးစောင့်မအားပြောပြီးလျှင်ပေတရုကိုသွင်းသော်၊ Judson Bible ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့် အကျွမ်းဝင်သော တပည့်တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုမှာမူ ဝင်းတံခါး အပြင်၌ ရပ်နေ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သိကျွမ်းသောတပည့်တော်က တံခါးစောင့်အမျိုးသမီးကို ခွင့်တောင်းကာ ပေတရုကို ရုံးတော်ဝင်းသို့ ခေါ်သွင်းလေ၏။ မြန်မာ ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့် အကျွမ်းဝင်သော တပည့်တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။- |
ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
ဘုရင်ခံသည် ထိုပွဲတော်တွင် လူထုအတွက် သူတို့အလိုရှိသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။
ပိလတ်မင်းသည် ပွဲတော်ကျရောက်တိုင်း လူတို့တောင်းဆိုသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။
သို့သော် သူတို့က “ထိုသူကိုသုတ်သင်လိုက်ပါ။ အကျွန်ုပ်တို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု တစ်ပြိုင်တည်းအော်ဟစ်ကြ၏။
ပေတရုသည် အိမ်အဝင်တံခါးကိုခေါက်ရာ ရောဒေအမည်ရှိ အစေခံမိန်းမသည် မေးမြန်းရန်လာ၍