ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက်
ရှင်ယောဟန် 18:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုကယာဖသည် “လူတစ်ဦးက လူထုကိုယ်စားအသေခံခြင်းသည် ပို၍ကောင်း၏”ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူဖြစ်၏။ Common Language Bible ကယာဖကား ``လူအပေါင်းတို့အတွက်လူ တစ်ဦးတစ်ယောက်သေရသည်ကပို၍ကောင်း ၏'' ဟုယုဒအာဏာပိုင်တို့အားအကြံပေး ခဲ့သူဖြစ်သတည်း။ Garrad Bible ထိုကာယဖကား လူမျိုးတော်အတွက်လူတစ်ယောက်အသေခံလျှင် သင့်လျော်သည်ဟူ၍ ယုဒလူမျိုးတို့အား အကြံပေးဖူးသူတည်း။ Judson Bible ထိုကယာဖကား၊ လူတစ်ယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကယာဖမှာ “လူထုကိုယ်စား လူတစ်ဦးတစ်ယောက်အသေခံခြင်းသည် ပို၍ကောင်းသည်” ဟူ၍ အခြားဂျူးခေါင်းဆောင်များကို အကြံပေးခဲ့သူဖြစ်၏။ မြန်မာ ထိုကယာဖကား၊ လူတစ်ယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။ |
ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက်
ထိုဆိပ်ကမ်းသည်လည်း ဆောင်းခိုရန်မသင့်လျော်သောဆိပ်ကမ်းဖြစ်သောကြောင့် အများစုက ထိုဆိပ်ကမ်းမှရွက်လွှင့်ပြီး ဖြစ်နိုင်လျှင် အနောက်တောင်နှင့် အနောက်မြောက်သို့မျက်နှာမူသည့် ကရေတေကျွန်း၏ဖိနိတ်ဆိပ်ကမ်းသို့ တစ်နည်းနည်းဖြင့်သွား၍ ဆောင်းခိုမည်ဟု ဆုံးဖြတ်ကြ၏။
အချိန်များစွာကြာလာ၍ အစာရှောင်ရာနေ့သည်လည်း လွန်ခဲ့ပြီဖြစ်သောကြောင့် ပင်လယ်ခရီးသည် ဘေးအန္တရာယ်ရှိလာသဖြင့် ပေါလုသည် သူတို့အား သတိပေးကာ